Windows 10 Shutdown ပြု လုပ်သည့် အချိန်တွင် Recent ဖိုင် ကိုပါ ရှင်းလင်းခြင်း ~ MICT Garden

Windows 10 Shutdown ပြု လုပ်သည့် အချိန်တွင် Recent ဖိုင် ကိုပါ ရှင်းလင်းခြင်း


Windows 10 Shutdown ပြုလုပ်သည့် အချိန်တွင် Recent ဖိုင်ကိုပါ ရှင်းလင်းခြင်းJump List ဆိုတဲ့ feature ဟာ Windows ပေါ်မှာ ဖိုင်တွေကို recent ကနေ အလျင်အမြန် အသုံးပြု နိုင်စေရန်အတွက် စီစဉ်ပေးထားတဲ့ အသုံးတည့်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ အဆိုပါ Jump List မှာ recent တွေကို ဖော်ပြပေးထားတဲ့အတွက် ဖိုင်တစ်ခုခုကို အသုံးပြုချင်တဲ့အခါမှာ Recent list ထဲကနေ ရှာဖွေပြီး ကလစ်တစ်ချက် နှိပ်ရုံနဲ့ အဆိုပါ ဖိုင်တွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် သင်ဟာ Recent ဖိုင်အများအပြား ဖြစ်နေတာကို မလိုချင်ဘူး အသုံးမပြု လိုဘူးဆိုရင် Jump List မှာရှိတဲ့ recent ဖိုင်တွေကို ကွန်ပျူတာ shutdown ပြုလုပ်တဲ့အချိန်မှာ တစ်ခါတည်း ရှင်းလင်းသွားစေရန်အတွက်
နည်းလမ်း နှစ်မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ Group Policy က ပြုလုပ်တဲ့ နည်းလမ်းနဲ့ Registry Editor ကနေ ပြင်ဆင်တဲ့ နည်းလမ်းနှစ်သွယ် ဖြစ်ပါတယ်။

Group Policy ကနေ ပြင်ဆင်ဖို့အတွက် Start Menu ကို နှိပ်ပါ။ ပြီးရင် gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ပါ။


Group Policy ထဲကို ရောက်ပြီဆိုရင် User Configuration -> Administrative Templates -> Start Menu and Taskbar ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။


Start Menu and Taskbar ဆိုတဲ့နေရာကို ရောက်ပြီဆိုရင် ညာဘက်အခြမ်း က ဘောင်ကွက် ထဲကို ကြည့်လိုက်ပါ။ Clear history recently opened documents on exit ဆိုတာကို တွေ့မြင်ရပါမယ်။

Select ပြုလုပ်လိုက်ပါ။


ပြီးရင် အဆိုပါ ဖိုင်ကို double-click နှိပ်လိုက်ပါ။ Not configured ဆိုတဲ့နေရာမှာ ရွေးချယ်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒီဖိုင်အလုပ်လုပ်ဖို့ အတွက်ဆိုရင် Enable ဆိုတာကို ရွေးချယ်ပေးရပါမယ်။


ပြီးသွားရင် Group Policy ကို ပိတ်လိုက်ပါ။ Group Policy ကို  ပိတ်ပြီး Run box ကနေ cmd လို့ရိုက်ထည့်ပြီး command prompt ကိုဖွင့်ပါ။ command prompt ထဲမှာ gpupdate.exe /force ဆိုတဲ့ command ကို ရိုက်ထည့်ပါ။ ဒါဆိုရင် Group Policy ကနေ recent ကို အလိုအလျောက်ရှင်းအောင် ပြုလုပ်ပြီးပြီဖြစ်ပါတယ်။

Registry ကနေရှင်းလင်းမယ့် နည်းလမ်းကို ပြုလုပ်ချင်တယ်ဆိုရင် ပထမဆုံး Start Menu ကို နှိပ်ပါ။ regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။


Registry Editor ထဲကိုရောက်ပြီဆိုရင် HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\ ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။


CurrentVersion ဆိုတဲ့ အောက်ကို ရောက်ရင် Select မှတ်ပြီး Right-click နှိပ်ကာ New > Key ဆိုတာ ကိုရွေးချယ်ပေးရပါမယ်။ အဆိုပါ ဖိုင်နာမည်ကို “Policies” လို့အမည်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ Policies ဆိုတဲ့ဖိုင်ကို Select ပြုလုပ်ပြီး Right-click နှိပ်ကာ New > Key ဆိုတာကို ရွေးချယ်ရပါမယ်။ ဖိုင်အမည်ကို “Explorer” ဆိုတဲ့ အမည်ပေးရပါမယ်။


နောက်တစ်ဆင့်ကတော့ Explorer ဆိုတဲ့ Key ကို Select မှတ်ပြီး ညာဘက် အခြမ်းက ဘောင်ကွက်ထဲမှာ Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။


အဆိုပါ ဖိုင်ရဲ့အမည်ကို “ClearRecentDocsOnExit” ဆိုတဲ့ အမည်ပေးရပါမယ်။ အမည်ပေးပြီးပြီဆိုရင် အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ တန်ဖိုးကို “1”  လို့ သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် Ok ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Registry Editor ကနေ ထွက်လိုက်ပါ။


ဒါကတော့ Windows 10 Shutdown ပြုလုပ်တဲ့အချိန်မှာ Jump List မှာရှိတဲ့ Recent ဖိုင်တွေကို Group Policy ကနေရော Registry ကနေပါ ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

-Ref: maketecheasier



Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box