Windows 10 Picture password ကို ဘယ်လိုပြုလုပ်မလဲ ~ MICT Garden

Windows 10 Picture password ကို ဘယ်လိုပြုလုပ်မလဲ


Windows 10 မှာ သမာရိုးကျ စာရိုက်ထည့်ပြီး password ထည့်သွင်းမှုကနေ ရုပ်ပုံပေါ်မှာ password သတ်မှတ်ပြီး Login ဝင်ရောက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Windows 8 နဲ့ Windows 10 တို့မှာ ပုံမှန် စာရိုက်ထည့်ပြီး password ဝင်နေရတာကို ရှောင်လွဲ နိုင်မယ့် နည်းလမ်းတွေကို ထည့်သွင်းလာပါတယ်။

Picture password ဆိုတာကတော့ touch screen အသုံးပြုထားတဲ့ Windows 10 device တွေမှာ စာလုံးတွေ အရှည်ကြီး ရိုက်ထည့်ပြီး Windows login ပြုလုပ်နေရခြင်းထက် ရုပ်ပုံတစ်ခုပေါ်မှာ ကိုယ်သာ မှတ်မိလွယ်တဲ့ ရေးဆွဲနည်းနဲ့ login အလွယ်တကူ ဝင်ရောက် နိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ picture password ဟာ PIN ကဲ့သို့ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်မယ့် feature တစ်ခုလည်းဖြစ်ပါတယ်။

Picture password ကို set up ပြုလုပ်ဖို့အတွက် ဆိုရင် ဒီနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး settings ကို သွားရပါမယ်။ settings ကို အသုံးပြုရန်အတွက် start menu ကို နှိပ်ပါ။ ပြီးရင် settings ဆိုတာကို ရွေးချယ်နိုင်သလို Notifications center ကို နှိပ်ပြီး all settings ဆိုတာကိုလည်း ရွေးချယ်နိုင်ပါတယ်။

Settings ထဲ ကိုရောက်ပြီဆိုရင် Accounts ဆိုတာကို ရွေးပေးရပါမယ်။

Accounts ထဲက မှ Sign-in options ဆိုတာကို ရွေးလိုက်ပါ။ ပြီးသွားရင် picture password ဆိုတဲ့နေရာမှာ add ဆိုတာကို နှိပ်ရပါမယ်။


ပြီးရင် picture password ကို အသုံးပြုမှာဖြစ်တဲ့အတွက် လက်ရှိ ကိုယ်သုံးနေတဲ့ အကောင့်ပိုင်ရှင် ဖြစ်မဖြစ် အတည်ပြုနိုင်ရန်အတွက် Windows login password ကို ရိုက်ထည့်ပေးရပါမယ်။


Password ရိုက်ထည့်ပြီးရင် ကိုယ်နှစ်သက်တဲ့ပုံကို အသုံးပြုနိုင်တဲ့အတွက် Choose picture ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးရင် နှစ်သက်ရာပုံကို ရွေးချယ်နိုင်ပါတယ်။


ပုံကိုရွေးချယ်ပြီးရင် Use this picture ဆိုတာကို နှိပ်လိုက်တာနဲ့ အဆင့် သုံးဆင့် နဲ့ login security အတွက် စတင် သတ်မှတ် ရပါမယ်။ gesture ကို နှစ်သက်သလို ဆွဲပြီးပေးပါ။ အဆိုပါ နည်းလမ်းအတိုင်း ၂ ကြိမ် ပြုလုပ်ရပါမယ်။


ပြီးသွားရင် finish ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် picture password ကို start up ပြုလုပ်တဲ့အဆင့် ပြီးသွားပါပြီ။ အသုံးပြုမယ်ဆိုရင် Lock Screen ကို Windows key + L နဲ့ Lock ပြုလုပ်ကြည့်ပါ။ Lock ပြုလုပ်ပြီး picture password ကို စတင် အသုံးပြုနိုင်ပါပြီ။


အကယ်၍ desktop computer နဲ့ သုံးစွဲမယ်ဆိုရင် ပုံပေါ်မှာ mouse နဲ့ သတ်မှတ် ပေးထားတဲ့အတိုင်း အဝိုင်းမျဉ်းကြောင်း အစရှိသည်တို့ကို သတ်မှတ်ထားတဲ့ အတိုင်း security အနေနဲ့ သတ်မှတ်ကာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Picture password ကိုမေ့သွားတဲ့ အခါမျိုးမှာ Sign in Options ဆိုတာကို User name အောက်ဘက်မှာ တွေ့ရပါလိမ့်မယ်။ အဆိုပါ sign in options နေရာမှာ ကလစ်နှိပ်ပါ။ picture password နဲ့ စာလုံးနဲ့ ရိုက်ထည့်တဲ့ password ကို သော့ပုံလေးနဲ့ တွေ့ရပါလိမ့်မယ်။ သော့ပုံကို ကလစ်နှိပ်ပြီး password ကို ရိုက်ထည့်လိုက်တယ် ဆိုရင် Lock ပွင့်သွားပါလိမ့်မယ်။

Picture password ကို အသုံးမပြုချင်တော့ဘူး ဆိုရင် Settings > Accounts > Sign-in options ကိုရွေးချယ်ပါ။ picture password နေရာမှာ change နဲ့ remove ဆိုတဲ့ခလုတ် နှစ်ခုကို တွေ့ရပါလိမ့်မယ်။ remove ကို နှိပ်လိုက်ရင် picture password ကို ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။


Ref-Internet Journal

Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box