
အရင်ဆုံး မိမိ မက်မိုရီကဒ်ကို စစ်ဆေးပါ..
SD Memory Card အကြီးတွေမှာ Lock ဖြစ်နေတတ်တာကို သတိပြုပါ။

USB Flash Drive တွေကို ကွန်ပျူတာက Detected မသိဘူးဖြစ်နေရင် အခြား USB Port ကို ပြောင်းထိုးပါ..

နည်းလမ်း (၁)
Format ချမရတဲ့ USB/Memory Card ကို စက်မှာတပ်ထားပါ...ကွန်ပျူတာ ကီးဘုတ်မှ Window Key + R ကို တွဲနှိပ်ပါ...

ပေါ်လာတဲ့ Run box ထဲမှာ ဒီစာ devmgmt.msc ကို Copy ကူးထည့်ပြီး OK ကို နှိပ်ပါ...

Disk drives ကိုနှိပ်ပါ... Memory Card/USB Driver ပေါ်ကို Right Click နဲ့ Uninstall လုပ်ပါ...

ပြီးရင် Memory Card/USB ကို စက်မှ ဖြုတ်ပြီး ပြန်တပ်ပါ.. Driver ကို Auto Install လုပ်နေပါလိမ့်မယ်...

My Computer မှတဆင့် Format ချမရတဲ့ Memory Card/USB ကို Right Click နှိပ်ပြီး Format ချပါ..။

နည်းလမ်း (၂)
ဒီနည်းကတော့ Disk Management ကနေတဆင့် Format ချနည်းပါ..
ကွန်ပျူတာ ကီးဘုတ်မှ Window Key + R ကို တွဲနှိပ်ပါ...

ပေါ်လာတဲ့ Run box ထဲမှာ ဒီစာ diskmgmt.msc ကို Copy ကူးထည့်ပြီး OK ကို နှိပ်ပါ.

Format ချမရတဲ့ မိမိ Memory Card/USB ပေါ်ကို Right Click နှိပ်ပြီး Format ကိုနှိပ်ပါ...

OK

FAT32 ကို ရွေးပါ (2) Perfom a quick format ကို Uncheck လုပ်ပြီး (3) OK နဲ့ Format ချပါ.. အနည်းငယ် ကြာပါတယ်။
နည်းလမ်း (၃)
ဒီနည်းကတော့ Command Prompt ကတဆင့် Format ချနည်းပါ...
ကွန်ပျူတာ ကီးဘုတ်မှ Window Key + R ကို တွဲနှိပ်ပါ...

ပေါ်လာတဲ့ Run box ထဲမှာ cmd လို့ရေးထည့်ပြီး OK ကို နှိပ်ပါ...

Start > Search bar မှာ CMD ရှာပြီး CMD ပေါ်ကို Shift ကီးကိုဖိထားကာ Right Click > Run as administrator နှင့်လည်း Run ပေးနိုင်ပါတယ်...

DISKPART ဟု ရေးပြီး Enter ခေါက်ပါ... နောက်ထပ် Command Prompt တစ်ခုတတ်လာပါလိမ့်မယ်.. OK ကို နှိပ်ပါ...

list disk > Enter
select disk 1 > Enter
1 မှာ မိမိ Drive ကိုရွေးပါ...
clean > Enter
create partition primary > Enter
active => Enter
assign => Enter
Exit => Enter
Exit => Enter
အဆင်မပြေသေးရင် အပေါ်ကအတိုင်း Command Prompt ကိုဝင်ပြီး အောက်ပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပါ...
diskpart => Enter
List disk => Enter
Select disk 1 => Enter
Clean => Enter
Create partition primary => Enter
Select partition 1 => Enter
Format fs=ntfs => Enter
Exit => Enter
Exit => Enter
ပြီးရင် Memory Card/USB ကို စက်မှ ဖြုတ်ပြီး ပြန်တပ်ပါ...
နောက်တစ်နည်း => စောစောကအတိုင်း
Command Prompt ကိုပြန်ဝင်ကာ အောက်က Command ကို Copy ကူးထည့်ပြီး Enter နှင့် Format ချပါ...။
FORMAT G:/FS:FAT32/x
Exit => Enter
(သို့မဟုတ်)
Format fs=fat32 quick
Exit => Enter
G နေရာမှာ မိမိ ရဲ့ Driver Letter ထည့်ပါ... ( ဥပမာ။ ။ D F I)
ဒီ Command ကတော့ USB/SD Card ကို Repair လုပ်တာပါ...
chkdsk G: /r => Enter
ဒါကတော့ Shortcut Virus သတ်တာပါ...
attrib -h -r -s /s /d G:*.* => Enter
Attrib Command Access Denied ဆိုတဲ့ Error Message တတ်လာခဲ့ရင်......
*******************************
Safe Mode ကိုဝင်ပါ ..
Safe Mode ကို မဝင်တတ်သူများအတွက် အလွယ်ဆုံးနည်းလမ်းကိုဖေါ်ပြလိုက်ပါတယ်..
ကွန်ပျူတာ ကီးဘုတ်မှ Window Key + R ကို တွဲနှိပ်ပါ...
Run Box မှာ msconfig ကို ရေးထည့်ပြီး OK ကို နှိပ်ပါ..

Boot tab ကိုနှိပ်ပါ..

Restart ကှိုနှိပ်ပါ..

(Restart ချပြီး စက်တတ်တတ်ချင်း ကီးဘုတ်မှ ( F8 ) ကီးကို ဆက်တိုက် နှိပ်ပေးရင်လည်း Safe Mode ကို ဝင်နိုင်ပါတယ်)

စက်ပြန်တတ်ာရင် အပေါ်ကအတိုင်း Command Prompt မှတဆင့် Format ချကြည့်ပါ။
နည်းလမ်း (၄)
ဒီနည်းလမ်းကတော့ Software သုံးပြီး ဖြေရှင်းနည်းပါ...
HDD Low Level Format Tool နဲ့ Format ချပါ.... Software ကို အောက်မှာ ဒေါင်းယူပြီး Run ပါ... Full Version အတွက် Serial Key ထည့်ပေးပါ။ (Serial Key မထည့်ပဲလည်း အသုံးပြုနိုင်ပါတယ်)

မိမိ Memory Card/USB ကို ရွေးပေးပြီး Continue နှင့် နံပါတ်စဉ်အတိုင်း နှိပ်ပေးပါ..




နောက်ထပ်.... အဆင်မပြေသေးဘူးဆိုရင် ဒီနေရာက Format & Repair Tool တစ်ခုခုနဲ့ Format ချကြည့်ပါ..။
Shortcut Virus သတ်နည်း
နည်းလမ်း (၁)
Memory Card/USB နဲ့ပါတ်သတ်ပြီး နောက်ထပ်ဖြစ်တတ်တဲ့ ပြဿနာကတော့ Shortcut Virus ပြဿနာပါ...
အဲဒီပြဿနာလေးကို အပေါ်မှာ ရှင်းပြခဲ့တဲ့အတိုင်း Command Prompt မှတဆင့် အောက်ပါ Command ကို Copy ကူးထည့်ကာ ဖြေရှင်းနိုင်ပါတယ်..။
attrib -h -r -s /s /d G:*.* => Enter
ပြီးရင် exit => Enter နဲ့ ပိတ်ပါ..။
နည်းလမ်း (၂)
ဒီနည်းကတော့ Registry မှတဆင့် ပြုပြင်ပေးတဲ့နည်းပါ.. (Registry ဆိုတာ စက်ရဲ့အဓိကအစိတ်အပိုင်းဖြစ်တာမို့ သေချာလေး ဂရုစိုက်လုပ်ပါ)
Window Logo + R ကို တွဲနှိပ်ပါ
Run box မှာ regedit ကိုရေးထည့်ပြီး OK > Yes နဲ့ Registry Editor ကိုဖွင့်ပါ..
အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ချင်း StorageDevicePolicies အထိသွားပါ..
HKEY_LOCAL_MACHINE
SYSTEM
CurrentControlSet
Control
StorageDevicePolicies

ညာဖက်မှ WriteProtect ကို Double-Click နှိပ်ပါ...
WriteProtect တန်ဖိုးက (1) ဖြစ်နေရင် (0) သုည ကိုရေးထည့်ပါ ... (0) သုညဖြစ်နေရင် (1) ကိုရေးထည့်ပြီး OK ကိုနှိပ်ပါ။

မှတ်ချက်။ ။ တချို့စက်တွေမှာ StorageDevicePolicies ဆိုတဲ့ Value ကို ရှာမတွေ့ပဲဖြစ်တတ်ပါတယ်။
အဲဒီလို ရှာမတွေ့ခဲ့ရင်... Notepad ကို ဖွင့်ပါ...

cd\ reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 0

နှစ်သက်ရာ နာမည်တခုခုပေးကာ နောက်မှာ .bat နဲ့ Desktop မှာ Save လုပ်ပါ..။ (eg: EnableSD.bat)

EnableSD.bat ကို Right-Click > Run as administrator နှင့် Run ပေးလိုက်ပါ..။

အဆင်ပြေကြပါစေ :D
Credit>>၀င်းကမ္ဘာကျော်
ရောင်ပြန်လေးနည်းပညာ
Tags :
Android နည်းပညာများ
Window OS, Application, Game, နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။