
ဒါပေမယ့် ဒီနည်းလမ်းက သင်ထားရှိထားတဲ့ဖိုင်ရဲ့တည်နေရာကို အတိအကျသိဖို့လိုအပ်ပါတယ်။ ဥပမာ – “D:\Data:\…” စသည်ဖြင့်ပါ။ ကျွန်တော်အစမ်းအနေနဲ့ ဒေတာ D:\ ထဲက အရာ “music” Folder ကိုဖျောက်ပြမှာပါ။ ဘေးမှာ Hide လုပ်ထားပေမယ့် Control Panel ထဲကနေ Show Hidden File ပြန်လုပ်လိုက်လို့ပြန်ပေါ်နေတဲ့ Lenovo ဆိုတဲ့ Folder ကိုတွေ့ရမှာဖြစ်ပါတယ်။


ပြီးရင်တော့ ကျလာတဲ့ Command Box မှာ အောက်ကကုဒ်ကို ရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ်။
“attrib +s +h “ခုနကမှတ်ထားတဲ့ File တည်နေရာ” ”
အထက်ပါကုဒ်ထဲက “မှတ်ထားတဲ့ File တည်နေရာ” ဆိုတာကတော့ သင်ဝှက်ထားလိုတဲ့ ဖိုင်ရဲ့နေရာကိုဆိုလိုတာပါ။ ဥပမာ – “D:\Data:\…” အောက်ပါပုံမှာကြည့်ရှုနိုင်ပါတယ်။

ရိုက်ပြီး Enter ခေါက်လိုက်လို့ ဖိုင်ကိုတွေ့ပြီး လုပ်ငန်းစဉ်အောင်မြင်လို့ရှိရင် Command Box က ဘာမှပြောမှမဟုတ်ပဲ Code မှားရေးတာပဲဖြစ်ဖြစ်၊ ဖိုင်ကိုမတွေ့တာပဲ ဖြစ်ဖြစ် ဖြစ်နေရင်တော့ ဒီအတိုင်းပြမှာပါ။

ကျွန်တော် D:\ နဲ့ Music ကြားမှာ Space ခြားလိုက်လို့ပဲ ဖြစ်ပါတယ်။ သတိထားရမှာက ဖိုင်ရဲ့တည်နေရာကို Command ပေးတဲ့အခါမှာ “” နှစ်ခု (မျက်တောင်အဖွင့်အပိတ်) ကို ထည့်ရိုက်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ Command ပေးသွားတာ မှန်သွားပြီဆိုရင်တော့ ခုနက D:\ ထဲသွားပြီး Refresh လုပ်လိုက်ရင် Music Folder ကိုတွေ့ရတော့မှာမဟုတ်ပါဘူး။
အဲ့ဖျောက်ပြီးပြန်လိုချင်လို့ ပြန်ဖော်မယ်ဆိုရင်ရော…?
လွယ်ပါတယ်။ သင်ဖျောက်ထားခဲ့တဲ့ အတိုင်း Command Box က ကုဒ်မှာ +s +h အစား -s -h ဆိုပြီးပဲ ပြောင်းထည့်လိုက်ရင်ရပါပြီ။ ပုံပြထားပါတယ်။

ဒါဆိုဖိုင်ကသင့်ရဲ့ မူလနေရာမှာပြန်ပေါ်နေတာကို တွေ့ရမှာပါ။
ကဲဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ သင့် PC Computer ထဲက ဖိုင်တွေကို၊ သူတစ်ပါး မမြင်နိုင်အောင်ဖျောက်ထားလို့ရပြီ ဖြစ်ပါတယ်။ ကွန်ပျူတာထဲက ဖိုင်တွေအပြင်၊ Hard Disk၊ Memory Stick တွေထဲက ဖိုင်တွေကို ဖျောက်ရာမှာလည်း ဒီလုပ်ဆောင်ချက်က အကျုံးဝင်ပါတယ်။
တစ်ခုသတိထားရမှာက သင့်ဖျောက်မယ့်ဖိုင်ရဲ့တည်နေရာအတိအကျကို သိနေဖို့လိုအပ်ပါတယ်။ မဟုတ်ရင်ဖျောက်ဖို့ တည်နေရာမေ့နေတာက ကိစ္စမရှိပေမယ့် ပြန်ဖော်တဲ့အခါမေ့နေရင်သွားပါပြီ။ ကဲ လွယ်ကူတာမို့ စမ်းကြည့်လိုက်ပါဦး။ File Location မမေ့ပါစေနဲ့နော်..
Credit>>>Joker (Akhayar)
ရောင်ပြန်လေး(နည်းပညာ)
Android နည်းပညာများ
Window OS, Application, Game, နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။