Root လုပ်ခြင်းရဲ့ အကျိုးအပြစ်များ ~ MICT Garden

Root လုပ်ခြင်းရဲ့ အကျိုးအပြစ်များ





Roof Your Andriod Phone
          ကိုယ့်ရဲ့ Android Phone ကို Root လုပ်တာက ကိုယ့်ရဲ့ OS ရဲ့ Administrator Access ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် Handset ရဲ့စွမ်းရည် အပြည့်အ၀ကို Unlock လုပ်ပေးနိုင်ပါတယ်။ ကိုယ့် Phone အတွက် ပိုမိုကောင်းမွန်တဲ့ Customization Option တွေနဲ့ အခြား အကျိုးကျေးဇူးတွေ အများကြီးရမှာပါ။ ဒါပေမယ့် ဒီလိုလိုပ်တာက Phone တစ်မျိုးနဲ့ တစ်မျိုး လုပ်ပုံလုပ်နည်း တူညီမှာမဟုတ်ပါဘူး။ ပြီးတော့ Root လုပ်တဲ့နည်းလမ်းတွေက အမြဲတိုးတက်နေပါတယ်။
          ဒါ့ကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြနိုင်မျာ မဟုတ်ပါဘူး။ ဒီမှာ ဖော်ပြလိုက်ရင်လည်း Update ဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အဲဒီအစား ကိုယ့်ကို လမ်းညွှန်ပေးနိုင်တဲ့ မေးခွန်းလေးတွေကို ဖြေပေးပါမယ်။ 




Phone ကို Root လုပ်တာက တရားမ၀င်ဘူးဆိုတာ မှန်ပါသလား။
        မဟုတ်ပါဘူး။ အမေရိကန်ဗဟိုအစိုးရက 2010 ခုနှစ်၊ ဇူလိုင်မှာ Phone ကို Root လုပ်တာက တရားဝင်ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။
Phone ကို Root လုပ်တာက လုပ်ရကျိုးနပ်ပါ့မလား။
        လုပ်ရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။ စာရေးသူရဲ့ Phone က Root လုပ်ပြီးတော့မှ ပိုမြန်လာသလို၊ Battery သက်တမ်း ပိုကြာလာပါတယ်။ ပြီးတော့ Free Wireless Tethering နဲ့ Notification – bar Widget တို့လို Feature အသစ်တွေ အားလုံးရရှိနိုင်ပါတယ်။ ကိုယ့် Phone ကို Root လုပ်တာက ယေဘုယျအားဖြင့် လျင်မြန်တဲ့ဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ကိုယ့် Phone ပေါ်မူတည်ပြီး ရှုပ်ထွေးချင် ရှုပ်ထွေးမှာပါ။ ကိုယ့်ရဲ့ Phone ကို Root လုပ်ပြီးသွားရင် App တွေကို Install လုပ်လို့ရသလို Phone ရဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေကို ရယူနိုင်တဲ့ Android Read-Only Memory (ROM) ပါ ထည့်သွင်းနိုင်ပါတယ်။ 


Phone ကို Root လုပ်တာက ခက်ခဲသလား။
        ဒါက ကိုယ့် Phone ရဲ့ Model ပေါ် မူတည်ပါတယ်။ Nexus One, Motorola Defy နဲ့ EVO 4G တို့ကို Phone အများစုအတွက်တော့ ဒီလုပ်ငန်းစဉ်က အရမ်းလွယ်ကူပါတယ်။ Andriod ဈေးကွက်ထဲက Simple Root, Universal 1 – Click, ဒါမှမဟုတ် Z4root တို့လို App တွေက Click တစ်ချက်တည်းနဲ့ ကိုယ့်ရဲ့ Phone ကို ဘေးကင်းစွာ Root လုပ်ပေး နိုင်ပါတယ်။ HTC ထုတ် Phone တွေအတွက်တော့ unrevoked 3 (ww.unrevoked.com) က Root လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ဘယ် Tool သုံးရမယ်ဆိုတာ သေချာမသိရင် “Root (ကိုယ့် Phone အမည်)” ကို Google မှာ ရှာကြည့်ပါ။ အဖြေတွေက အရမ်းများနေရင် Device – Specific Forum တွေဖြစ်တဲ့ Xda – developers.com ကို ဦးတည် မေးနိုင်ပါတယ်။ အဲ့ဒီမှာ တခြားလူတွေ လုပ်ဆောင်ထားချက်တွေ အဆင်ပြေ/မပြေ ဆိုတာပါ ကြည့်နိုင်ပါတယ်။
          Root လုပ်တဲ့အဆင့်တွေက ကိုယ့်Phone အမျိုးအစားပေါ်တင် မဟုတ်ပါဘူး။ Run နေတဲ့ android Version ပေါ်မှာ လည်း မူတည်ပါတယ်။ ဒါ့ကြောင့် ကိုယ့် Phone နဲ့ ကိုက်ညီမယ့် Root Tool ကို ရှာပါ။ ဘာတွေလိုအပ်သလဲဆိုတာနဲ့ လမ်းညွှန်ချက်တွေကိုရှာပြီး သင့်တော်တာကို စမ်းသပ်ပါ။

Phone ကို Bricking လုပ်ပြီး စွန့်စားထိုက်သလား။
        Bricking ဆိုတာက Root Access သုံးပြီး Phone ကို နှံ့နှံ့စပ်စပ် ကလိသလိုပါပဲ။ Phone က သုံးမရဖြစ်သွားနိုင် သလို အဆင်လည်း ပြေနိုင်ပါတယ်။
          ကိုယ်က Phone ကို Computer နဲ့ချိတ်ပြီး Data အချို့ ပြန်ရေးကောင်းရေးရနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်လောက်ပဲ လုပ်ရင်တော့ ကိုယ့် Phone ကို နဂိုအတိုင်း Restore လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ကိုယ် OS အသစ်ကို Install မလုပ်ခင်မှာ Battery ကို အားဖြည့်ထားပါ။ ဒါမှမဟုတ်လို့ OS Install လုပ်တုန်း Battery ကုန်သွားရင် ပြင်ဆင်ရ ခက်ခဲပါလိမ့်မယ်။
Phone ကို Root လုပ်လိုက်ရင် Customer Support ရရှိဦးမလား။
        မရပါဘူး။ ဒါက Warranty ကို ချိုးဖောက်လိုက်သလိုပါပဲ။ ဒါပေမယ့် အကူအညီရနိုင်တဲ့နေရာ အနည်းငယ်ရှိပါ တယ်။ အထူးသဖြင့် CyanogenMod forum (forum.cyanogenmod.wm) နဲ့ XDA – Developers forum (forum.xda-developers.com) တို့မှာ ရှာဖွေနိုင်သလို မေးလည်းမေးနိုင်ပါတယ်။ တကယ်လို့ ကိုယ်လုပ်လိုက်တာလွဲသွားလို့ အကူအညီ ချက်ချင်းလိုတယ်ဆိုရင်တော့ Root နဲ့ပတ်သက်တဲ့ IRC (Internet Relay Chat) Channel တွေ အများကြီးရှိနေပါတယ်။ IRC Client တစ်ခုကို Download ဆွဲပြီး irc.grenode.net ကို သွားပြီး #android နဲ့ #android – root တွေမှာ ကြည့်နိုင်ပါ တယ်။
Phone အပူလွန်ပြီး ပေါက်ကွဲနိုင်သလား။
        Root လုပ်ရတဲ့ အကြောင်းအရာကြီးတစ်ခုကတော့ Overlock လုပ်နိုင်လို့ပါပဲ၊ ဒါမှမဟုတ် Battery သက်တမ်း ကောင်းအောင် Underlock လုပ်တာပါပဲ။ ကိုယ့်ရဲ့ Processor ကို Overlock အရမ်းမြှင့်ပြီး Fail – Safe မလုပ်ထားရင်  သူ့ကို လောင်ကျွမ်းစေနိုင်ပါတယ်။
          ဒါပေမယ့် ဒါကိုကာကွယ်ဖို့ အရမ်းလွယ်ပါတယ်။ Set CPU for Roof Users (find.pcworld.com171833) က setting တွေ အမျိုးမျိုးသတ်မှတ်ထားလို့ ရပါ့တယ်။ စာရေးသူကတော့ Processor ရဲ့ အပူချိန် 40ံC ရောက်ရင် Processor ကို နှေးအောင် သတ်မှတ်ထားပါတယ်။ အဆင်လည်း ပြေပါတယ်။


*****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက*****
 
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec

****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****

https://www.facebook.com/yaungpyanlaytechnology/
@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲ ရောင်ပြန်လေး-စာအုပ်စင် Page ကို Like နှိပ်ထားပါဦး@@@@

https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box