တရုတ်နိုင်ငံ၏ ဆိုက်ဘာအကြီးအကဲတစ်ဦးက နိုင်ငံအတွင်း အင်တာနက်ကို ဆင်ဆာပြုလုပ်နေကြောင်း ဝေဖန်မှုများကို ငြင်းဆိုသွားခဲ့သည်။
အဆိုပါမှတ်ချက်ကို ဝူရှန်မြို့တွင် ကျင်းပမည့် အစိုးရမှ ကျောထောက်နောက်ခံပေးထားသော ကမ္ဘာ့ အင်တာနက်ကွန်ဖရင့်မတိုင်မီ နိုင်ငံ၏ နည်းပညာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲဖြစ်သူ လူဝေက ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် အကြောင်းအရာများကို စိစစ်ဖြတ်တောက်ခြင်း မရှိဘဲ စီမံခန့်ခွဲခြင်းကိုသာ ပြုလုပ်ခြင်း ဖြစ်သည်ဟု လူက ပြောဆိုခဲ့ကြောင်း Xinhua သတင်းအေဂျင်စီ စီစဉ်သော ဇီကျန်းစီရင်စု၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းစာ စာရွက်စာတမ်းကို ကိုးကား၍ Hong Kong Free Press သတင်းမှ ဖော်ပြခဲ့သည်။
“အကြောင်းအရာတွေကို စိစစ်ဖြတ်တောက်နေတယ်လို့ ပြောနေကြတာဟာ စကားအသုံးအနှုန်း လွဲမှားမှုတစ်ရပ် ဖြစ်ပါတယ်။ စိစစ်ဖြတ်တောက်မှု မရှိဘူးလို့ ဆိုတာဟာ စီမံခန့်ခွဲမှုမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တရုတ်အစိုးရအနေနဲ့ အနောက်တိုင်းက ဖွံ့ဖြိုးပြီးသား နိုင်ငံတွေက အင်တာနက်အပေါ် စီမံခန့်ခွဲပုံကို သင်ယူထားပေမယ့် ကျွန်တော်တို့ သင်ယူထားတာတွေက လုံလောက်မှု မရှိသေးပါဘူး” ဟု လူက ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ Great Firewall ဟုခေါ်ဆိုသော အရာသည် တရုတ်နိုင်ငံသားများကို အင်တာနက်အပြည့်အဝ သုံးစွဲခွင့် မရရှိစေရန် တားဆီးထားသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဝက်ဘ်ဆိုက်အချို့ပိတ်ပင်ထားခြင်းနှင့် အွန်လိုင်း post များ ဆင်ဆာဖြတ်တောက်ခြင်းကို ကာကွယ်ပြောကြားခဲ့ကြောင်း Reuters မှ ဖော်ပြခဲ့သည်။
တရုတ်အစိုးရသည် အင်တာနက်နှင့်ပတ်သက်၍ အလွန်အမင်း တင်းကျပ်ထားသည်ဆိုပါက နိုင်ငံ၏ အွန်လိုင်း ဈေးကွက်သည် အလွန်အမင်းတိုးတက်လာမည် မဟုတ်ကြောင်း လူက ပြောဆိုခဲ့သည်။
Ref: BGR
Credit internetjournal
သီဟထိုက်

0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။