အိန္ဒိယနိုင်ငံထုတ် INTEX အမည်ရှိ ဟန်းဆက်တစ်မျိုးကို Next Nine Myanmar Coporation မှ မြန်မာနိုင်ငံ ဈေးကွက် အတွင်းသို့ တင်သွင်းဖြန့်ချိရောင်းချတော့မည်ဟု အဆိုပါ ကော်ပိုရေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုနေစိုးသူ ကပြောသည်။
ဈေးနှုန်းအားဖြင့် ၆ သောင်း ကျပ်မှ ၁ သိန်းခွဲ ဝန်းကျင်အထိရှိ ပြီး Touch Screen အမျိုးအစား ဟန်း ဆက်များဖြစ်သည်။ လက်ရှိအချိန်၌ INTEX မှထုတ်လုပ်သည့် မိုဘိုင်း ဟန်းဆက်များအနက်မှ Model ခြောက်ခုကို ရွေးချယ်၍ ဈေးကွက်အတွင်း ဖြန့်ချိသွားမည်ဟု သိရသည်။
INTEX ၏ ဟန်းဆက်များအနက်မှ Aqua A2 ၊ Aqua Life 2 ၊ Aqua Star 2၊ Aqua Y2 1GB နှင့် INTEX Power စသည့် Model ၆ မျိုးကို တင်သွင်းသွားမည်ဖြစ်ပြီး အဆိုပါ Model များအနက်မှ INTEX Power သည် ဘက်ထရီ စွမ်းအင် ၄၀၀၀ ခန့်ပါဝင်ပြီး အခြားသော မိုဘိုင်းဟန်းဆက်များကိုလည်း USB မှတစ်ဆင့် ပြန်လည် အားဖြည့်သွင်းပေးနိုင်မည်ဟု သိ ရသည်။
အဆိုပါ INTEX ဟန်းဆက်များကို တိုင်းဒေသကြီးနှင့် ပြည် နယ်များ၌ စတင်ဖြန့်ဖြူးသွားမည် ဖြစ်သော်လည်း ကျေးလက် ဒေသများရှိ မိုဘိုင်းဖုန်းအသုံးပြုသူများထံ အဓိကထား၍ ဆက်လက်ဖြန့်ချိသွားမည်ဟု Next Nine Myanmar Corporation မှ တာဝန်ရှိသူကပြောသည်။
INTEX ဟန်းဆက်များကို ၂၀၀၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ ခြင်းဖြစ်ပြီး ယနေ့အချိန်၌ အိန္ဒိယ ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ကို ပိုင်ဆိုင်ထားသည်ဟု သိရပြီး ၄င်းတို့ ဟန်းဆက်များကို ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ နီပေါ၊ စင်ကာပူနှင့် ဟောင်ကောင်မြို့များသို့ ဖြန့်ချိထားကြောင်း သိရသည်။
Credit internetjournal
သီဟထိုက်
aqua star 2 v05 firmware ရှာမရလို့ pls help
ReplyDeleteaqua star 2 v05 pay par sir
ReplyDelete