MEC ၏ ဖုန်းပြောခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားလျှော့ချ ~ MICT Garden

MEC ၏ ဖုန်းပြောခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားလျှော့ချ





MEC ၏ ဖုန်းပြောခနှင့် အင်တာနက်အသုံးပြုခ နှုန်းထားလျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း (MEC) မှတာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၁၀ ရက်မှစတင်ကာ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်ဖုန်းပြောခ နှုန်းထားအနေဖြင့် MEC Tel ဖုန်းအမျိုးအစားအချင်းချင်းကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၂၂ ကျပ်သို့လည်းကောင်း၊ MEC Tel ဖုန်းမှ အခြားအော်ပရေတာများသို့ ခေါ်ဆိုခကို ယခင်တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု ၂၃ ကျပ်သို့ လည်းကောင်း လျှော့ချ သတ်မှတ်လိုက်ကြောင်း တာဝန်ရှိသူက ပြောသည်။

အင်တာနက်အသုံးပြုခ နှုန်းထားအနေဖြင့် ယခင်တစ်မိနစ်လျှင် လေးကျပ်မှ ယခုသုံးကျပ်သို့ လျှော့ချသတ်မှတ် လိုက်ကြောင်း သိရသည်။

MECTEL ဆင်းမ်ကတ် အသုံးပြုသူများအတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ လျှော့ချခဲ့ကြောင်း၊ ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။ MEC ဆင်းမ်ကတ်များ၏ တန်ဖိုးမှာ ၁,၅၀၀ ကျပ် ဖြစ်သည်။

Credit=>internetjournal
Thiha Htike(THT)
 My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box