စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် လျှောက်လွှာတင်သူ မရှိသေး ~ MICT Garden

စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် လျှောက်လွှာတင်သူ မရှိသေး


 မန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ကို စိတ်ဝင်စားသည့် အမျိုးသားအများပိုင် ကုမ္ပဏီ များပြားသော်လည်း လျှောက်လွှာတရားဝင်တင်သည့် ကုမ္ပဏီမရှိသေးကြောင်း အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ မှသိရသည်။

မြန်မာနိုင်ငံသည် ဆက်သွယ်ရေး အော်ပရေတာ လေးခုထားရှိမည်ဟု တရားဝင် ကြေညာထားပြီး လက်ရှိအချိန်၌ ပြည်ပမှ ဆက်သွယ်ရေး အော်ပရေတာနှစ်ခုနှင့် ပြည်တွင်း မှ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုတို့ကို လိုင်စင်ပေးအပ်ပြီးဖြစ်သည်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီက ဦးဆောင်အနေဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး ဖိတ်ခေါ်ထားသော အမျိုးသားအများပိုင် ကုမ္ပဏီများ ရှယ်ယာရှင်များအဖြစ် ပူးပေါင်းပါဝင်ကြရမည် ဖြစ်သည်။

“စိတ်ဝင်စားမှုတော့ များတယ်။ ဖောင်တော့ မတင်ကြသေးဘူး။ သတ်မှတ်ထားတဲ့ရက်ကလည်း လိုသေးတယ်။ တချို့ကတော့ လာပြီးဆွေးနွေး မေးမြန်းနေကြတာ ရှိတယ်။ သူတို့တွေ ဖောင်လာ တင်၊ မတင်ဘူးဆိုတာ မသိသေးဘူး။ နီးမှ လာတင်ကြမယ် ထင်တယ်” ဟု အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

အများပိုင် ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီသည် ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် အမျိုးသား အများပိုင်ကုမ္ပဏီများကို စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသည့် အမျိုးသား အများပိုင်ကုမ္ပဏီများသည် သြဂုတ်လ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားမှုများ ပြုလုပ်ရမည်ဖြစ်သည်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီးပါက နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်း တစ်ခုအနေဖြင့် မိုဘိုင်းဖုန်းအပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အဆိုပါကော်ပိုရေးရှင်းမှ ပေးအပ်နိုင်မည်ဟု သိရသည်။

စတုတ္ထမြောက် ဆက်သွယ်ရေး လိုင်စင်သည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများနည်းတူ လုပ်ငန်းလိုင်စင် ၁၅ နှစ်အကြာ ရရှိမည်ဖြစ်ပြီး အခွန်အခများကိုလည်း သတ်မှတ်ထားသည့်အတိုင်း အစိုးရထံ ပေးသွင်းရမည်ဟု သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box