LG G Pad II 10.1 တွင် Snapdragon 800 နှင့် WUXGA screen ပါဝင်မည် ~ MICT Garden

LG G Pad II 10.1 တွင် Snapdragon 800 နှင့် WUXGA screen ပါဝင်မည်





LG သည် စက်တင်ဘာလ အစောပိုင်းတွင် ဘာလင်မြို့၌ ကျင်းပပြုလုပ်မည့် IFA ပြပွဲတွင် LG G Pad II 10.1 ကို တရားဝင် မိတ်ဆက်ပြသမည်ဟု ကြေညာခဲ့သည်။

အဆိုပါ Android အခြေခံ tablet တွင် ၁၀.၁ လက်မ screen နှင့် 2.26GHz quad-core Qualcomm Snapdragon 800 ပရိုဆက်ဆာအပြင် 5-megapixel ကျောဘက်ကင်မရာနှင့် 2-megapixel အရှေ့ကင်မရာတို့ ပါဝင်သည်။ Android 5.1.1 (Lollipop) ကို အသုံးပြုထားပြီး 2GB RAM, 16GB internal storage နှင့် microSD တို့ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကျန်အသေးစိတ် အချက်အလက်ကို စက်တင်ဘာလ ၄ ရက်တွင် ကျင်းပမည့် IFA Berlin ပြပွဲ၌ ထုတ်ဖော်ပြောကြားသွားမည်ဟု LG မှ ဆိုခဲ့သည်။

LG G Pad II 10.1 ၏ display resolution သည် WUXGA (1920 x 1200 pixels) ဖြစ်ပြီး pixel သိပ်သည်းဆက 224ppi ဖြစ်သည်။ ဘက်ထရီမှာ 7,400mAh ဖြစ်ပြီး ဖျော်ဖြေရေးအတွက် အသုံးပြုရာတွင် နာရီအတန်ကြာ ဆက်တိုက်အသုံးပြုနိုင်ကြောင်း LG မှ ပြောကြားခဲ့သည်။

၎င်းကို LTE ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး Microsoft Office ကိုထည့်သွင်းပေးထားသလို 100GB OneDrive သိုလှောင်မှုကိုလည်း နှစ်နှစ်စာ ထောက်ပံ့ပေးထားကြောင်း သိရသည်။

Ref: GSMArena
Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box