ပည်တွင်း၏ မိုဘိုင်း အင်တာနက် အသုံးပြုသည့် ပမာဏသည် မျှော်မှန်းထားသည်ထက် ပိုမို တိုးတက်နေပြီး မြို့ကြီးများတွင် သာမကပဲ နယ်မြို့များမှ သုံးစွဲမှု နှုန်းသည်လည်း လိုက်ပါ မြင့်တက်လျက် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ ဒုတိယအထွေထွေ မန်နေဂျာ၏ အဆိုအရ မြန်မာနိုင်ငံ၌ တစ်ရက်လျှင် မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် သုံးစွဲသည့် ပမာဏသည် 44 TB (Terabyte) (44,000 GB) အထိ ရှိလာကြောင်း သိရသည်။
ဆက်သွယ်ရေး၊ သတင်းအ ချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က မြန်မာနိုင်ငံတွင် စမတ်ဖုန်း အသုံးပြုနိုင်သည့် ပမာဏမှာ ၇၀ ရာခိုင်နှုန်းကျော် အထိ ရှိလာပြီး အဆိုပါ ဖုန်းများဖြင့် မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် သုံးစွဲနိုင်သည့်ပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တိုးတက် နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံ၏ မိုဘိုင်းအင်တာနက်ပေါ်မှ အချက်အလက် သုံးစွဲနိုင်သည့် ပမာဏသည် လူနေထူ ထပ်သည့် မြို့ကြီးများတွင်သာ မကဘဲ ကျေးလက်ဒေသများ တွင်ပါ မြင့်တက်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ပြောကြားချက်များကို ဒုတိယဝန်ကြီး ဦးသောင်းတင်က မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြုလုပ်ခဲ့သော ICT Park ပြန်လည် ဖွင့် လှစ်သည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် အသုံးပြုသည့် ပမာဏ တိုးတက်လာခြင်းမှာ လူတစ်ဦးချင်း၏ mobile data သုံးစွဲမှု တိုးတက်လာခြင်းကို ရည်ညွှန်းကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ mobile data သုံးစွဲမှုတိုးတက်လာခြင်းသည် မိုဘိုင်းဖုန်းပေါ်မှတဆင့် Facebook လူမှုကွန်ရက်ကို အသုံပြုနှုန်း မြင့်တက်နေခြင်းနှင့် တိုက်ရိုက်အချိုး ကျနေပြီး ယခုလက်ရှိအချိန်တွင် နိုင်ငံတွင်းမှ အဆိုပါလူမှုကွန် ရက်အသုံးပြုသည့် ပမာဏမှာ ၅ သန်း ကျော်ရှိလာပြီ ဖြစ်သည်။
Credit internetjournal
Thiha Htike(THT)
My Facebook Account Click
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။