Appx file extension ဆိုတာကတော့ Windows Store ကနေ download ပြုလုပ်ထားတဲ့ installer file အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ Windows 10 ဟာ desktops နဲ့ mobiles platform ကို ပေါင်းစည်းပြီး app တွေကို အသုံးပြုနိုင်ရန်အတွက် Universal Windows Platform (UWP) ကို သုံးစွဲသူတွေ အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။
UWP များကို appx ဒါမှမဟုတ် appxbundle ဖိုင် format ကို အသုံးပြုကာ desktop နဲ့ mobile phone တို့မှာ သုံးစွဲနိုင်ရန်အတွက် ပြုလုပ်ပေးထားပါတယ်။ appx file တွေဟာ registry entry မှာ မှတ်တမ်းတင်ထားခြင်း မရှိတဲ့အတွက် မည်သည့် device မှာမဆို ထည့်သွင်း အသုံးပြုနိုင်တာဟာ အားသာချက် တစ်ခုဖြစ်ပါတယ်။ UWP app တွေကို ယေဘုယျ အားဖြင့် Windows Store တွေကနေ တိုက်ရိုက် download ပြုလုပ်နိုင်ပါတယ်။ Appx app တွေကို Windows 10 မှာ install ပြုလုပ်ဖို့အတွက်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း install ပြုလုပ်နိုင်ပါတယ်။
ပထမဆုံး Settings ကိုဖွင့်ပါ။ Start Menu ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်နိုင်သလို Notification center ကိုနှိပ်ပြီး All settings ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
Settings ထဲကို ရောက်ပြီဆိုရင် Update & Security ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ ဘယ်ဘက်အခြမ်းမှာရှိတဲ့ For Developer ဆိုတာကို ရွေးချယ်ပေးရပါမယ်။
For Developer ဆိုတာကို ရွေးချယ်ပေးပြီးရင် Sideload apps ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဒါမှသာ ဘယ် appx ဖိုင်ကို မဆို install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပြီးသွားပြီဆိုရင် Settings ထဲကနေ ထွက်လိုက်ပါ။ Install ပြုလုပ်မယ့် appx ဖိုင်ကို ရွေးချယ်ရပါမယ်။
ရွေးချယ်ပြီးပြီဆိုရင် အဆိုပါ ဖိုင်ကို double-click နှိပ်ပြီး run လိုက်ပါ။ ပြီးရင် Install ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
Install လုပ်တာ ပြီးသွားပြီဆိုရင် Launch button ပေါ်လာပါလိမ့်မယ်။ အဆိုပါ Launch button ကို နှိပ်ပြီး ဖွင့်လိုက်ပါ။
ဒါဆိုရင် ခုနက install ပြုလုပ်ထားတဲ့ UWP app ကို ပုံမှာပြထားတဲ့အတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အကယ်၍ အဆိုပါ app ကို အသုံးမပြုချင်တော့ဘူးဆိုရင် Start menu ကို နှိပ်ပြီး ထည်သွင်းထားတဲ့ app ကို ရှာပါ။ ပြီးရင် right-click နှိပ်ပြီး Uninstall ဆိုတာကို ရွေးချယ်လိုက်ရင် ပျက်သွားပါလိမ့်မယ်။
နောက်ထပ် နည်းလမ်းတစ်ခုကတော့ Power Shell ကို အသုံးပြုပြီး .appx ဖိုင်ကို Install ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ power shell ကို အသုံးပြုဖို့အတွက် start menu ကနေ power shell ဆိုတာကို ရိုက်ထည့်ပါ။ ပြီးရင် right-click နှိပ်ပြီး Run as administrator ဆိုတာကို ရွေးရပါမယ်။
Power shell ထဲကို ရောက်ပြီဆိုရင် appx ဖိုင်ရှိတဲ့ လမ်းကြောင်းကို ရွေးပေးရပါမယ်။ ဥပမာအားဖြင့် cd c:\path\to\appx\file\directory ဆိုတဲ့ command အတိုင်း အသုံးပြုရပါမယ်။ cd ဆိုတဲ့ command က change directory ဖြစ်ပါတယ်။ ကျန်တာကတော့ appx ဖိုင်ရှိတဲ့ လမ်းကြောင်းကို ထည့်သွင်းပေးရမယ့် ဥပမာပေးထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ကိုယ် သိမ်းဆည်းထားတဲ့ လမ်းကြောင်းကို ထည့်ပေးပါ။
ထည့်သွင်းရမယ့် command ကတော့ Add-AppxPackage .\file.appx ဆိုတဲ့ command ဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဆုံးမှာ ထည့်သွင်းတဲ့ file.appx ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ appx file name ကို ထည့်သွင်းပြီး extension ပါအပြည့်အစုံ ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် power shell ကနေ .appx ကို ထည့်သွင်းတဲ့ နည်းလမ်းပြီးပြီ ဖြစ်ပါတယ်။
-Ref:maketecheasier
Tags :Android နည်းပညာများ
Window OS, Application, Game, နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။