Corntana Search bar နှင့် Task View Icon အား Windows 10 Taskbar မှဖယ်ရှားခြင်း

Windows 10 အသုံးပြုသူတွေ အနေနဲ့ Windows 10 Taskbar ပေါ်မှ Cortana Search bar နဲ့ Task View တွေကို ဖယ်ရှားချင်တယ်ဆိုရင် အောက်ပါအတိုင်း ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ Offline အသုံးပြုတာ ကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Cortana ကို အသုံးမပြုချင် တော့ဘူးဆိုရင် Cortana Serach bar ကို Taskbar ပေါ်မှ Right-click ပြုလုပ်ပြီး Cortana ကိုရွေးချယ်ကာ Hide  ပြုလုပ်နိုင်ပါတယ်။
အထက်ပါ နည်းအတိုင်း မပြုလုပ်ချင် သူတွေကတော့ Registry ကနေ ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ Registry ကနေ ဖယ်ရှားရှင်းလင်းဖို့ အတွက် Run box ကို Win + R key ကိုအသုံးပြုပြီး ဖွင့်လိုက်ပါ။ ပြီးသွားရင် Regedit ဆိုတဲ့ command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Registry ပွင့်လာပြီဆိုရင် အောက်ဖော်ပြပါ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Search ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ Search ဆိုတဲ့နေရာကို ရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Search boxTaskbar ဆိုတဲ့ဖိုင်ကို တွေ့ရပါလိမ့်မယ်။ အဆိုပါဖိုင်ကို Double-click နှိပ်လိုက်ရင် default တန်ဖိုးအနေနဲ့ 1 ဖြစ်နေမှာပါ။ အဆိုပါနေရာမှာ 1 ကိုဖျက်ပြီး 0 လို့ရိုက်ထည့်ပြီး Ok ကို နှိပ်လိုက်ရင် Cortana Search bar ဟာ Taskbar ပေါ်ကနေ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။
Task View ကို ဖယ်ရှားချင်သူတွေ အတွက်ကတော့ Taskbar ပေါ်မှာ Right-click နှိပ်လိုက်ပါ။ ပြီးသွားရင် Show Task View Button နေရာကို ကလစ်နှိပ်ပြီး အမှန်ခြစ်ဖြုတ်လိုက်ရင် ပျောက်သွားမှာ ဖြစ်ပါတယ်။ အကယ်၍ Registry ကနေ ပြင်ဆင်ချင်သူတွေ အတွက်ကတော့ Run box ကိုဖွင့်လိုက်ပါ။ Regedit ဆိုတဲ့ Command ကိုရိုက်ထည့်ရပါမယ်။ Registry Editor ပွင့်လာပြီဆိုရင်  HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်သွားပေး ရပါမယ်။ Explorer အောက်ကို ရောက်ပြီဆိုရင် Explorer ကို Select ပြုလုပ်ပြီး Right-click ပြုလုပ်လိုက်ပါ။ ပြီးရင် New> Key ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Key Name ကို “MultiTaskingView” ဆိုပြီး အမည်ပေးရပါမယ်။ အမည်ပေးပြီး အဆိုပါ key ကို Select ပြုလုပ်လိုက်ပါ။ ပြီးသွားရင် အထက်ပါအတိုင်း New > Key ဆိုတာကို ရွေးချယ်ပြီး “AllUpView” ဆိုတဲ့အမည်နဲ့ MultiTasikingView အောက်မှာတည်ဆောက် ပေးရပါမယ်။ “AllUpView” ကို Select ပြုလုပ်ပြီး Right-click နှိပ်လိုက်ပါ။ ပြီးသွားရင် New DWORD (32bit) Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဖိုင်နာမည်ကို “Enable” ဆိုပြီး ပေးရပါမယ်။ အဆိုပါ ဖိုင်ကို double-click နှိပ်လိုက်ရင် default အနေနဲ့ 1 ပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ 0 အဖြစ် တန်ဖိုးသတ်မှတ် ပေးလိုက်ရင် Task View ကို Taskbar ပေါ်ကနေ ဖယ်ရှားပေးသွား ပါလိမ့်မယ်။ အဆိုပါ အဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Registry ကနေထွက်လိုက်ရင် Cortana Searc bar နဲ့ Task View Icon တွေကို Windows 10 Taskbar ပေါ်ကနေ ဖယ်ရှားတဲ့ အဆင့်ပြီးဆုံး သွားပြီဖြစ်ပါတယ်။
Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။