Surface နှင့် MacBook တို့ဖြင့်ယှဉ်ပြိုင်မည့် Windows 10 ထုတ်ကုန်သစ်များကို Acer မိတ်ဆက် ~ MICT Garden

Surface နှင့် MacBook တို့ဖြင့်ယှဉ်ပြိုင်မည့် Windows 10 ထုတ်ကုန်သစ်များကို Acer မိတ်ဆက်



နယူးယောက်တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲတစ်ခု၌ Acer က
 Windows 10 ထုတ်ကုန်သစ်များကို မိတ်ဆက်ကြေညာခဲ့သည်။

2-in-1 Windows laptop ဖြစ်သော Switch Alpha 12 သည် Surface နှင့်
ဆင်တူသောထုတ်ကုန်ဖြစ်ပြီး Intel Core i ပရိုဆက်ဆာများကို အသုံးပြုထားသည်။ 


အဆိုပါထုတ်ကုန်တွင် ပန်ကာပါဝင်ခြင်းမရှိသော်လည်း သင့်တော်သည့် 
အပူချိန်ကို ဆူညံမှုမရှိစေဘဲ ထိန်းသိမ်းပေးမည့် liquid cooling စနစ်ကို အသုံးပြုထားသည်။ 

Surface နှင့်တူညီသောကြောင့် backlit keyboard, kickstand နှင့် stylus အထောက်အပံ့တို့ 
ပါဝင်မည် ဖြစ်သည်။ Display မှာ ၁၂ လက်မအရွယ် 2160 x 1440 resolution display ဖြစ်ပြီး
 USB Type-C port, HDMI, USB 3.0, USB A နှင့် DisplayPort တို့ပါဝင်သည်။ 

8GB RAM နှင့် 512GB သိုလှောင်မှုပမာဏအထိ ရရှိနိုင်ပြီး 
တန်ဖိုးမှာ ၅၉၉ ဒေါ်လာနှင့် ၉၉၉ ဒေါ်လာဖြစ်သည်။



ထို့အပြင် Acer က ဈေးထက်ဝက်ဖြင့် Apple ကို ယှဉ်ပြိုင်မည့် S 13 “ultrathin” notebook ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းတွင် Skylake ပရိုဆက်ဆာများကို အသုံးပြုထားပြီး ၁၃ လက်မ Full HD IPS display ပါဝင်သည်။ သတ္တုဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး အနက်ရောင်နှင့် အဖြူရောင်ဖြင့် ရရှိမည်ဖြစ်သည်။ ဘက်ထရီဖြင့် ၁၃ နာရီကြာ သုံးနိုင်ပြီး စတင်ရောင်းချမည့်ဈေးက ၆၉၉ ဒေါ်လာဖြစ်သည်။


၁၅ လက်မအရွယ် R 15 တွင်မူ 12GB RAM နှင့် GeForce 940MX ဂရပ်ဖစ်ပရိုဆက်ဆာပါဝင်သည်။ ၎င်းကို ပုံစံပြောင်းလဲကာအသုံးပြုနိုင်ပြီး အိပ်ရာပေါ်တွင် ရုပ်ရှင်ကြည့်ရှုလိုသည့်အခါမျိုး၌ ၁၅ လက်မအရွယ် tablet အဖြစ်ပြောင်းလဲကာ အသုံးပြုနိုင်သည်။ တန်ဖိုးက ၆၉၉ ဒေါ်လာဖြစ်သည်။


Acer သည် ဂိမ်းကစားသူများအတွက် Predator 17X gaming notebook ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ gaming notebook တွင် custom triple-fan cooling system နှင့် Nvidia GTX980 ဂရပ်ဖစ်ကတ်ကို အသုံးပြုထားသည်။ တန်ဖိုးမှာ ၂,၇၉၉ ဒေါ်လာဖြင့် စတင်မည်ဖြစ်ပြီး ဇွန်လတွင် ရောင်းချမည်ဟု သိရသည်။


Desktop ဖြင့် ဂိမ်းကစားသူများအတွက်မူ Acer က GTX ဂရပ်ဖစ်ကတ်နှင့် 64GB DDR4 RAM ပါဝင်သော G1 gaming desktop ကို မိတ်ဆက်ပေးခဲ့သည်။ တန်ဖိုးမှာ ၂,၂၉၉ ဒေါ်လာဖြစ်ပြီး ဇွန်လတွင် ဥရောပ၌ စတင်ရောင်းချမည်ဖြစ်သည်။ မြောက်အမေရိကနှင့် တရုတ်နိုင်ငံတွင်မူ ဇူလိုင်လ၌ ရောင်းချမည်ဟု သိရသည်။




Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box