ဒို့မြန်မာလူမှုကွန်ရက်၌ Page တည်ထောင်ခြင်းဖြင့် ဝင်ငွေရှာဖွေနိုင်မည် ~ MICT Garden

ဒို့မြန်မာလူမှုကွန်ရက်၌ Page တည်ထောင်ခြင်းဖြင့် ဝင်ငွေရှာဖွေနိုင်မည်



ဖေ့စ်ဘုတ်နည်းတူ လူမှုကွန်ရက်တစ်ခုဖြစ်သော ဒို့မြန်မာလူမှုကွန်ရက်သည် ၎င်းတို့၏ ကွန်ရက်အတွင်း၌ Page တည်ထောင်ထားသူများ ဝင်ငွေ ရရှိလာစေရန် ငွေပေးချေမှု စနစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

ဒို့မြန်မာ လူမှုကွန်ရက်အတွင်း အသုံးပြုသူများအနေဖြင့် မိမိသိရှိလိုသော အချက်အလက်အသေးစိတ်ကို ငွေပေးချေ၍ လေ့လာခြင်းဖြင့် Page တည်ထောင်သူများမှ ဝင်ငွေရရှိစေရန် စီစဉ်ထားခြင်း ဖြစ်သည်။



ငွေပေးချေမှုအတွက် ဒိုးပြားများကို အသုံးပြုသူများမှ ပိုင်ဆိုင်ထားရန်လိုအပ်ပြီး အဆိုပါ ဒိုးပြားများကို မိုဘိုင်းဖုန်းမှတစ်ဆင့် ဝယ်ယူနိုင်သည်ဟု သိရသည်။

ကွန်ရက်အသုံးပြုသူများသည် Post များ၊ ဓာတ်ပုံများနှင့် ကဗျာများကို တစ်ကြိမ်တင်ဆက်လျှင် ဒိုးပြားတစ်ခုကို ရရှိမည်ဖြစ်ပြီး ဒိုးပြားများ ပိုမိုပိုင်ဆိုင်လိုပါက ဒိုးပြား ၂၀၀ လျှင် ကျပ်ငွေ ၁၀ ဖြင့် MPT မိုဘိုင်းဖုန်းလိုင်းအသုံးပြု၍ ၀ယ်ယူနိုင်ကြောင်း ဒို့မြန်မာလူမှုကွန်ရက်မှ မနီနီလွင်က ပြောသည်။

ဒို့မြန်မာလူမှုကွန်ရက်၌ Page တည်ထောင်ထားသူများသည် အခမဲ့ဖော်ပြလိုသည်များကို ဖော်ပြနိုင်ပြီး ငွေကြေးရယူ၍ ဖော်ပြလိုသော အသေးစိတ်အချက်အလက်များကိုလည်း ဒိုးပြားအရေအတွက်တစ်ခု သတ်မှတ်၍ ရေးသားဖော်ပြနိုင်မည် ဖြစ်သည်။

Page တည်ထောင်ခြင်းကို ၂၀၁၅ ခုနှစ်အတွင် ထွက်ရှိလာသည့် ဗားရှင်းအသစ်၌ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး Page များ ဖောင်းပွမှုမရှိစေရန် Page တည်ထောင်သည့်အခါ ဒို့မြန်မာ့လူမှုကွန်ရက်၏ ခွင့်ပြုချက်လိုအပ်ကြောင်း သိ ရသည်။

ဒိုးပြားများမှတစ်ဆင့် ငွေကြေးရှာဖွေလိုသော Page များသည် သုံးစွဲသူအနည်းဆုံး လူဦးရေ တစ်ထောင်ကို ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်း ကွန်ရက်က ကြေညာထားသည်။

Page တည်ထောင်ခြင်းဖြင့် ၀င်ငွေရရှိစေမည့် နည်းလမ်းကို နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုနှင့် ပတ်သက်၍ MPT မှ ၅၀ ရာခိုင်နှုန်း ၊ ဒို့မြန်မာလူမှုကွန်ရက်မှ ၁၀ ရာခိုင်နှုန်းနှင့် Page တည်ထောင်သူများမှ ၄၀ ရာခိုင်နှုန်းကို အသီးသီးခံစားရရှိမည် ဖြစ်သည်။

ဒို့မြန်မာလူမှုကွန်ရက်ကို ၂၀၁၄ ခုနှစ်က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ အသုံးပြုသူ အရေအတွက် နှစ်သိန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ ဒိုးပြားများနှင့် ငွေပေးချေမှုအတွက် MPT နှင့် ချိတ်ဆက်ထားပြီး Ooredoo ၊ Telenor တို့နှင့်လည်း ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။


Internet Journal

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box