Mac OS အသုံးပြုသူတွေအနေနဲ့ မိမိကွန်ပျူတာပေါ်မှာ Partition အခက်အခဲကြောင့် မလိုအပ်ဘဲ ပိုင်းခြားထားတဲ့ Partition ကို Delete ပြုလုပ်ချင်တယ်ဆိုရင် အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ပြုလုပ်ရမယ့်အဆင့် နှစ်ဆင့်သာ ရှိတဲ့အတွက် Mac OS ကို စတင်သုံးစွဲမယ့် သူတွေတောင် အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Mac OS ပေါ်မှာ Partition ကို Delete ပြုလုပ်မယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် နည်းလမ်းဟာ Mac OS X EI Capitan ပေါ်မှာလည်း ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Mac OS ပေါ်မှာ Partition ကို Delete ပြုလုပ်ဖို့အတွက် ပထမဦးဆုံး Disk Utility ဆိုတဲ့နေရာကို သွားရပါမယ်။
Disk Utility ကို Finder ကနေ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Finder ကနေ Applications > Utilities ဆိုပြီး ရှာဖွေနိုင်ပါတယ်။ ပြီးသွားရင် ဘယ်ဘက် Panel မှာရှိတဲ့ Partition မှာ ကိုယ်ဖျက်ချင်တဲ့ Partition ကိုရွေးချယ်လိုက်ပါ။ ရွေးချယ်ပြီးသွားပြီဆိုရင် အဆိုပါ Partition ကိုဖျက်ဖို့အတွက် ညာဘက် panel မှာရှိတဲ့ Erase ဆိုတဲ့ Tab ကိုရွေးလိုက်ပါ။
ရွေးချယ်ပြီးသွားပြီဆိုရင် အောက်ဘက်နားမှာ Erase Free Space နဲ့ Erase ဆိုတဲ့ Button ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Button မှာ Erase ဆိုတဲ့ Button ကို ရွေးချယ်ပေးရပါမယ်။ Erase ဆိုတဲ့ Button ကိုရွေးချယ်ပြီး နှိပ်လိုက်ရင် ကိုယ်ဖျက်ချင်တဲ့ Partition ကို Erase ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အဆင့်ဟာ Partition က data တွေကို ဖျက်ပစ်တဲ့အဆင့် ဖြစ်ပါတယ်။
ပြီးသွားရင်တော့ Partition ကို Delete ပြုလုပ်ဖို့အတွက် ညာဘက် panel မှာရှိတဲ့ Partition ဆိုတဲ့ Tab ကို နှိပ်လိုက်ပါ။ Partition ထဲကို ရောက်ပြီဆိုရင် delete ပြုလုပ်မယ့် partition ကို Select ပြုလုပ်ပြီး ဘယ်ဘက် panel အောက်ခြေမှာရှိတဲ့ “-“ button လေးကို နှိပ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် ခဏစောင့်နေလိုက်ပါ။ အားလုံးပြီးဆုံးသွားတဲ့ အခါမှာတော့ Mac OS ပေါ်ကနေ Partition ကို Delete ပြုလုပ်တဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။
Android နည်းပညာများ
Window OS, Application, Game, နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။