
Defragment ဟာ Windows Operating System မှာ ပါဝင်တဲ့ Maintenance tool တစ်ခုလည်း ဖြစ်ပါတယ်။ Defragment ကိုအသုံးပြုပြီး Hard Disk အတွင်းရှိ ဖိုင်တွေကို စနစ်တကျ ဖြစ်စေရန် အတွက် ပြန်လည် စုစည်း လုပ်ဆောင် ပေးနိုင်ပါတယ်။
အဆိုပါ Defragment tool ကို Right-click မှာ ထည့်သွင်းချင် တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး Registry Editor ကို အသုံးပြုဖို့ အတွက် Run box ကို Win+R key နဲ့ ဖွင့်ရ ပါမယ်။ ဒါမှမဟုတ် Windows 10 မှာဆိုရင် Start Menu ကို နှိပ်ပြီး regedit ဆိုတဲ့ keyword ကိုရိုက်ထည့်ရင် Registry editor ကို အသုံးပြုဖို့အတွက် Run command ကိုတွေ့ရပါလိမ့်မယ်။

Registry Editor ထဲကိုရောက်ပြီဆိုရင် HKEY_CLASSES_ROOT\Drive\Shell ဆိုတဲ့လမ်းကြောင်းအတိုင်း အစဉ်လိုက်သွားရပါမယ်။

Shell အောက်ကိုရောက်ပြီဆိုရင် Right-click နှိပ်ပြီး New > Key ဆိုတာကိုရွေးချယ်ပေးရပါမယ်။ Key နာမည်ကို runas ဆိုပြီး အမည်ပေးရပါမယ်။

Ruans key ကို select မှတ်ပြီး ညာဘက်အခြမ်းမှာ ရှိတဲ့ ဖိုင်နာမည်ကို Default ဆိုတဲ့ အတိုင်းထားပေးလိုက်ပါ။ အဆိုပါ ဖိုင်ကို Double-click နှိပ်ပြီး Value data ထဲမှာ Defragment ဆိုတာကို ရေးထည့်ပေးပြီး Ok ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ runas ဆိုတဲ့ key ကို select မှတ်ပြီး New > Key ကို ရွေးချယ်ကာ အဆိုပါ key နာမည်ကို command ဆိုတဲ့ နာမည်ပေးရပါမယ်။ ပြီးရင် command ဆိုတဲ့ key ကို select မှတ်လိုက်ပါ။ ညာဘက်အခြမ်းမှာ ဖိုင်တစ်ဖိုင် တွေ့ရပါလိမ့်မယ်။ double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ defrag 1% -v ဆိုတဲ့ command ကို ရိုက်ထည့်ပေးပြီး Ok ကို နှိပ်ထွက်ရပါမယ်။

အဆိုပါ အဆင့်တွေ ပြီးသွားပြီဆိုရင် Win + E နဲ့ Explorer ကိုဖွင့်လိုက်ပါ။ ကိုယ် နှစ်သက်ရာ partition တစ်ခုခုကို right-click နှိပ်လိုက်ရင် defragment ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: howtogeek
From : Internet journal - By: သီဟ
Tags :
Android နည်းပညာများ
Window OS, Application, Game, နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။