4G Networkဆိုတာဘာလဲ၊ ဘာတွေပိုကောင်းလဲ ~ MICT Garden
4G Networkဆိုတာဘာလဲ၊ ဘာတွေပိုကောင်းလဲ
မြန်မာနိုင်ငံမှာ 4G ကွန်ယက်ကိုထောက်ပံ့ပေးတဲ့ Ooredooရဲ့ ကြော်ငြာတွေမှာလည်းတွေ့နိုင်တယ်။ အင်တာနက်ပေါ်မှာ
မှုတွေ ဖြစ်ထွန်းခဲ့ပြီး HSPA (High Speed Packet Access) လို Network မျိုး တီထွင်လာနိုင်ခဲ့ပါတယ်။
သာလွန်ကောင်းမွန်ပြီး တကယ့်4G Speedကိုရောက်လာနိုင်တဲ့ နည်းပညာတွေဖြစ်လို့ပဲ ဖြစ်ပါတယ်။
လက်ရှိ 4Gက ဘာတွေပေးနိုင်လဲ
သမိုင်းအကြောင်းပြောတာ ခဏရပ်ပြီး လက်တွေ့ကျကျ  4Gက ဘာတွေပေးနိုင်လဲ ကြည့်ကြရအောင်။
တကယ်တော့4Gကပေးနိုင်တဲ့ အမြန်နှုန်းဟာ နေထိုင်တဲ့ နိုင်ငံ၊ နေရာပေါ်မူတည်ပြီးကွဲပြားလျှက်ရှိပါတယ်။
အမေရိကန်နိုင်ငံက Operatorတွေကြားထဲမှာအပြိုင်အဆိုင်တွေဖြစ်နေပြီး အမြင့်ဆုံးအမြန်နှုန်းကတော့
နိုင်တာကိုတွေ့နေရပါတယ်။
4G သုံးဖို့ဘာလိုမလဲ?
ပါတယ်။ သင့်ရဲ့ဖုန်းက4G Network ကိုအသုံးပြုနိုင်လား သိချင်ရင်တော့ Phone Setting=> Mobile
ပါဘူး။
အကယ်၍ 4G Network ကို တစ်ဦးထက်ပိုပြီးမျှဝေသုံးစွဲလိုပါက 4G Wifi Device ကိုဝယ်ယူအသုံးပြုနိုင်မှာ
လူ၁၀ဦးအထိ မျှဝေသုံးစွဲလို့ရပြီး ဈေးအသက်အသာဆုံးထဲကဆိုရင် အောက်ပါ Huawei 4G Wifi Deviceကို
၈၉၀၀၀ ကျပ်နဲ့ဝယ်ယူအသုံးပြုနိုင်ပါတယ်။
4G ရဲ့အနာဂတ်
တကယ့်စစ်မှန်တဲ့ 4Gကပေးမယ့် အမြန်နှုန်း 100Mbps အထိပေးနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ 5Gကတော့
ပါတယ်။ ထိုအမြန်နှုန်းနဲ့ဆိုရင် ရုပ်ရှင်အရည်အသွေးကောင်းတစ်ကားကို တစ်စက္ကန့်နဲ့ ဒေါင်းလုပ်ဆွဲလာနိုင်မှာဖြစ်
ပါတယ်။
၁၀စက္ကန့်လောက်နဲ့1GBလောက်ရှိတဲ့ ရုပ်ရှင်ကားတစ်ကားကို ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လတ်တလော
မြန်မာနိုင်ငံမှာ 4G Network သက်တမ်းအရင့်ဆုံးကတော့ Ooredooဖြစ်ပြီး အရင်ထက်များစွာပိုမိုမြန်ဆန်လာ
အဆင်ပြေချောမွေ့တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ Shwemom စာဖတ်ပရိသတ်ကြီးရေ။
ကျွန်တော်တို့တွေအားလုံး 4G ဆိုတာ ကြားဖူးနေမှာ အသေအချာပါပဲ။ လမ်းပေါ်က ဆိုင်းဘုတ်တွေမှာလဲတွေ့နိုင်တယ်၊
မြန်မာနိုုင်ငံမှာ 4G ကွန်ယက်ကိုထောက်ပံ့ပေးတဲ့ Ooredooရဲ့ ကြော်ငြာတွေမှာလည်းတွေ့နိုင်တယ်။ အင်တာနက်ပေါ်မှာ
လည်းတွေ့နိုင်တယ်။ ဖုန်းကြော်ငြာတွေမှာလည်းတွေ့နိုင်တယ်။ ဒါပေမယ့် 4G ဆိုတာ ဘာလဲ သင်သေသေချာချာ
သိပြီးပါပြီလား၊ 4Gက အရင်တုန်းက 2G၊ 3G ထက်ဘာတွေများ သာလွန်တာပါလဲ။ အကယ်၍ အရင်က4Gအကြောင်း
မသိခဲ့သေးရင်လည်း အခုသင်သိရပါတော့မယ်။
3G နဲ့ 4Gရဲ့ နောက်ခံသမိုင်းကြောင်း
၂ဝဝဝခုနှစ်ဝန်းကျင်လောက်က ကမ္ဘာတစ်လွှားမှာ 3G ခေတ်စားခဲ့ပါတယ်။ 3Gဆိုတဲ့စကားလုံးရဲ့အရှည်ဟာ 3rd
Generation ဖြစ်ပါတယ်။ အဲ့ဒီအချိန်က 3G ကြောင့် အင်တာနက်တွေပိုမိုမြန်ဆန်လာခဲ့တာဖြစ်ပါတယ်။ 3Gဟာ
IMT-2000 (International Mobile Telecommunications-2000) ဆိုတဲ့ စံချိန်နဲ့ညီရပါတယ်။ အမြင့်ဆုံး
Download Speedဟာ 200Kbps (0.2 Mbps)အထိ ရရှိနိုင်ရပါမယ်။ ဒီခေတ်အနေအထားနဲ့ နှေးတယ်လို့
ထင်ရပေမယ့် ၂ဝဝဝခုနှစ်ဝန်းကျင်လောက်ကတော့ ဒါဟာတော်တော်မြန်ခဲ့ပါတယ်။ Emailတွေလက်ခံရရှိဖို့
အဆင်ပြေခဲ့သလို Emailပြန်ပို့ဖို့လည်း အဆင်ပြေခဲ့ပါတယ်။ 3Gဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းတိုးတက်
မှုတွေ ဖြစ်ထွန်းခဲ့ပြီး HSPA (High Speed Packet Access) လို Network မျိုး တီထွင်လာနုုိင်ခဲ့ပါတယ်။
အမြန်နှုန်း 7.2Mbpsအထိ ထောက်ပံ့ပေးနိုင်ပြီး 3.5G သို့မဟုတ် Turbo 3G လို့လည်း ခေါ်ဝေါ်ကြပါတယ်။
3G ရဲ့နောက်ထပ်မျိုးဆက်သစ်ကတော့ 4G (4th Generation) ဖြစ်ပါတယ်။ ITU Radiocommunications
Sector (ITU-R) ကနေ ဘယ်လိုအရည်အသွေးရှိမှ 4G Network လို့ခေါ်ရမလဲဆိုတဲ့ သတ်မှတ်ချက်အချို့ကို
ထုတ်ပြန်ခဲ့ပါတယ်။ 4G Network ဟာ  တက်ဘလက်၊ဖုန်းစတဲ့ မိုလ်ဘိုင်းပစ္စည်းတွေပေါ်မှာ အမြင့်ဆုံး
Download Speed 100Mbps အထိ ထောက်ပံ့ပေးနိုင်ရမယ်လို့ ဆိုခဲ့ပါတယ်။ Mobile Hotspot လို
တစ်နေရာထဲမှာ အသေတပ်ဆင်ထားတဲ့ ပစ္စည်းတွေမှာတော့ အမြင့်ဆုံး Download Speed 1Gps အထိ
ထောက်ပံ့ပေးနုုိင်ရမယ်လို့ ဆိုခဲ့ပါတယ်။
4Gမှာတော့ HSPA+ (High Speed Packet Access Plus) နဲ့ LTE (Long-Term Evolution) ဆိုပြီး
နှစ်မျိုးရှိပါတယ်။ 4Gဟာ နည်းပညာအသစ်ဖြစ်လာပြီး မြန်နှုန်းမှာလည်း အရင်ကထက် များစွာသာလွန်လာခဲ့
ပါတယ်။ နှစ်မျိုးလုံးဟာ ITU ရဲ့ စံနှုန်းတွေနဲ့မကိုက်ညီခဲ့ပေမယ့် ITUကတော့ HSPA+နဲ့ LTEကို 4G အဖြစ်
စျေးကွက်ထဲဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ အကြောင်းရင်းကတော့ HSPA+နဲ့ LTEဟာ အရင်က 3Gထက် များစွာ
သာလွန်ကောင်းမွန်ပြီး တကယ့်4G Speedကိုရောက်လာနိုုင်တဲ့ နည်းပညာတွေဖြစ်လို့ပဲ ဖြစ်ပါတယ်။
လက်ရှိ 4Gက ဘာတွေပေးနိုုင်လဲ
သမိုင်းအကြောင်းပြောတာ ခဏရပ်ပြီး လက်တွေ့ကျကျ  4Gက ဘာတွေပေးနိုုင်လဲ ကြည့်ကြရအောင်။
တကယ်တော့4Gကပေးနိုုင်တဲ့ အမြန်နှုန်းဟာ နေထိုုင်တဲ့ နိုုင်ငံ၊ နေရာပေါ်မူတည်ပြီးကွဲပြားလျှက်ရှိပါတယ်။
Open Signal ဆိုတဲ့အင်တာနက်အမြန်နှုန်းလေ့လာရေးဝက်ဘ်ဆိုဒ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့
အမေရိကန်နုုိင်ငံမှာ LTE ရဲ့ပျမ်းမျှအမြန်နှုန်းဟာ 9.9 Mbps ရှိပါတယ်။ ဒါဟာ 4G Standard ဖြစ်တဲ့
100Mbpsကိုမမှီသေးတာမှန်ပေမယ့်ယခင် 3Gထက်တော့ အဆပေါင်းများစွာသာလွန်လာခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုုင်ငံက Operatorတွေကြားထဲမှာအပြိုင်အဆိုင်တွေဖြစ်နေပြီး အမြင့်ဆုံးအမြန်နှုန်းကတော့
Verizon က ထောက်ပံ့ပေးနေတဲ့ 12Mbpsဖြစ်ပါတယ်။ ပျမ်းမျှအမြန်နှုန်းအကြောင်းကိုပြောနေတာဖြစ်လို့
တစ်နေရာနဲ့ တစ်နေရာ အပြောင်းအလဲတော့ရှိနိုင်ပါတယ်။
မိမိနေထိုင်တဲ့ နိုုင်ငံပေါ်မူတည်ပြီးလည်း အမြန်နှုန်းကပြောင်းလဲနိုုင်ပါတယ်။ ၂၀၁၆ ခုနှစ်မေလမှာတော့
မြန်မာနိုင်ငံကို ပထမဆုံး 4G Network နဲ့  Ooredooက စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့
4G Networkကြောင့် အင်တာနက်လိုင်းတွေပိုမိုမြန်ဆန်လာပြီဖြစ်ကာ အမြင့်ဆုံးအမြန်နှုန်း 8Mbps လောက်
အထိ ရနိုင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင်အရမ်းမြန်ဆန်တဲ့ 4G Plus ကိုလည်း Ooredooက ထောက်ပံ့ပေးလာ
နုုိင်တာကိုတွေ့နေရပါတယ်။
4G သုံးဖို့ဘာလိုမလဲ?
4G သုံးဖို့ဆိုရင် သင့်ရဲ့ဖုန်းဟာ 4Gကို ထောက်ပံ့ပေးနုုိင်တဲ့ဖုန်းဖြစ်ရပါမယ်။ ဟိုးအရင်ကဖုန်းတွေမှာတော့
3Gအထိပဲအမြင့်ဆုံးပါဝင်တတ်ပေမယ့် အခုနောက်ပိုင်းဖုန်းတွေကတာ့ 4Gကိုပါ အထောက်အပံ့ပြုလာကြ
ပါတယ်။ သင့်ရဲ့ဖုန်းက4G Network ကိုအသုံးပြုနုုိင်လား သိချင်ရင်တော့ Phone Setting=> Mobile
Networks=> Preferred Network Typeကိုဝင်ကြည့်ပါ။ အကယ်၍ သင့်ဖုန်းက 4Gကိုထောက်ပံ့တယ်
ဆိုရင် အောက်ပါပုံထဲကလို 4Gဆိုတာကို တွေ့နုုိင်မှာဖြစ်ပါတယ်။ ထို4Gဆိုတာလေးကို ရွေးပေးလိုက်ရင်
သင်4G စတင်အသုံးပြုနုုိင်မှာ ဖြစ်ပါတယ်။ 4Gသုံးဖို့အတွက် Sim Card အသစ်ဝယ်စရာလည်း မလိုအပ်
ပါဘူး။
အကယ်၍ 4G Network ကို တစ်ဦးထက်ပိုပြီးမျှဝေသုံးစွဲလိုပါက 4G Wifi Device ကိုဝယ်ယူအသုံးပြုနုုိင်မှာ
ဖြစ်ပါတယ်။ Wifi Device ဝယ်တဲ့အခါမှာ 4G Networkကို ထောက်ပံ့တဲ့ Deviceမျိုးဖြစ်ဖို့အရေးကြီးပါတယ်။
လူ၁ဝဦးအထိ မျှဝေသုံးစွဲလို့ရပြီး စျေးအသက်အသာဆုံးထဲကဆိုရင် အောက်ပါ Huawei 4G Wifi Deviceကို
၈၉၀၀၀ ကျပ်နဲ့ဝယ်ယူအသုံးပြုနုုိင်ပါတယ်။
4G ရဲ့အနာဂတ်
4G ဟာ လက်ရှိ ခေတ်စားနေတဲ့ နည်းပညာဖြစ်ပြီး အမြန်နှုန်းတွေဟာ ဒီထက်ပိုမြန်လာဖို့ပဲရှိပါတယ်။ နောက်ထပ်
ပေါ်လာနုုိင်တဲ့ နည်းပညာတွေကတော့ LTE Advanced နဲ့ 5G တို့ဖြစ်ပါတယ်။ LTE Advancedဆိုတာကတော့
တကယ့်စစ်မှန်တဲ့ 4Gကပေးမယ့် အမြန်နှုန်း 100Mbps အထိပေးနိုုင်မယ့် နည်းပညာဖြစ်ပါတယ်။ 5Gကတော့
အလှမ်းဝေးနေသေးပြီး 5G ပေါ်လာတဲ့အခါကြရင် အမြန်နှုန်းဟာ 10Gpsလောက်ရှိလာမယ်လို့ ခန့်မှန်းထားကြ
ပါတယ်။ ထိုအမြန်နှုန်းနဲ့ဆိုရင် ရုပ်ရှင်အရည်အသွေးကောင်းတစ်ကားကို တစ်စက္ကန့်နဲ့ ဒေါင်းလုပ်ဆွဲလာနုုိင်မှာဖြစ်
ပါတယ်။
လတ်တလောမှာတော့ 4Gကသာ နိုင်ငံတကာမှာ စိုးမိုးနေပြီး တကယ့် 4G အစ်အမှန် (LTE Advanced) ရဖို့
လည်း နီးစပ်လာနေပြီဖြစ်ပါတယ်။ 100 Mbps ဆိုရင်လည်း တော်တော်ကိုကောင်းနေပါပြီ။ အဲ့ဒီအချိန်ကျရင်
၁ဝစက္ကန့်လောက်နဲ့1GBလောက်ရှိတဲ့ ရုပ်ရှင်ကားတစ်ကားကို ဒေါင်းလုပ်ပြုလုပ်နိုုင်မှာဖြစ်ပါတယ်။ လတ်တလော
မြန်မာနိုုင်ငံမှာ 4G Network သက်တမ်းအရင့်ဆုံးကတော့ Ooredooဖြစ်ပြီး အရင်ထက်များစွာပိုမိုမြန်ဆန်လာ
တာကိုလည်းတွေ့ရပါတယ်။ 4G အကြောင်းဗဟုသုတတွေရရှိပြီး မြန်ဆန်တဲ့အင်တာနက်အမြန်နှုန်းနဲ့ ပိုမိုအဆင်ပြေချောမွေ့တဲ့ဘဝလေးကိုပိုင်ဆိုင်နိုုင်ကြပါစေ Shwemom စာဖတ်ပရိသတ်ကြီးရေ။
www.shwemom.com  မှ ကူးယူဖော်ပြသည်။
www.mictgarden.com
Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။
Facebook Like Box