ဒီဇင်ဘာတွင် ကျင်းပမည့် Telenor လူငယ်ဖိုရမ် မြန်မာပါဝင်မည် ~ MICT Garden

ဒီဇင်ဘာတွင် ကျင်းပမည့် Telenor လူငယ်ဖိုရမ် မြန်မာပါဝင်မည်

 
နော်ဝေနိုင်ငံတွင် ကျင်းပမည့် Telenor လူငယ်ဖိုရမ်တွင် မြန်မာလူငယ်နှစ်ဦးလည်း တက်ရောက် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Telenor က စီးပွားရေးလုပ်ငန်း တည်ထောင်ထားသည့် နိုင်ငံ ၁၃ ခုမှ လျှောက်ထားသူ စုစုပေါင်း ၅,၀၀၀ နီးပါးအနက် မြန်မာနိုင်ငံမှ နှစ်ဦးအပါအဝင် အရည်အချင်းရှိ လူငယ် ၂၆ ဦးအား လေးကြိမ်မြောက် Telenor လူငယ်ဖိုရမ် (TYF) နှင့် ၂၀၁၆ ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှုများတွင် ပါဝင်ရန်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ Telenor လူငယ်ဖိုရမ်သည် လူငယ်များအား လူမှုရေးဆိုင်ရာ ပြဿနာများကို နည်းပညာအသုံးပြု ဖြေရှင်းတတ်စေရန် Telenor လုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေး စင်တာတို့ ပူးပေါင်းဆောင်ရွက်သော အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အမျိုးသား စီမံခန့်ခွဲမှု ဒီဂရီကောလိပ် နောက်ဆုံး ဖြေဆိုပြီးစီးထားသူ မနှင်းနှင်းနိုင်နှင့် တရုတ်နိုင်ငံ Zhejang တက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲ
မှုပညာ မဟာဘွဲ့ရရှိထားသူကိုဇော်သူခေါင်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်ကြာမြင့်မည့် အဆိုပါ TYF အစီအစဉ်တွင် အော်စလိုတွင်ပြု
လုပ်သည့် ပွဲပြီးနောက် အွန်လိုင်းမှတစ်ဆင့် အဖွဲ့လိုက် ဆွေးနွေး ဆောင်ရွက်ခြင်းများကို ဆက်လက် ဆောင်ရွက်နေရမည် ဖြစ်ကာ ၂၀၁၇ ခုနှစ် မေလတွင်မူ ဘန်ကောက်၌ နောက်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၁၇ အောက်တိုဘာလတွင် နိုဘယ် ငြိမ်းချမ်းရေး စင်တာ၌ပြုလုပ်မည့် ဒီဂျစ်တယ်
ပြပွဲတွင် ဖိုရမ် လူငယ်အဖွဲ့များ၏ ဒစ်ဂျစ်တယ်အကြံ ဥာဏ်များကို ထုတ်ဖော်ပြသကြမည်ဖြစ်ကြောင်း သိရသည်။

“အခု ရွေးချယ်ထားတဲ့ လူငယ် ၂ ဦးအနေနဲ့ လူမှုရေးရာစိန်ခေါ်မှုတွေကို ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုဖြေရှင်းပြီး သူတို့ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ လူ့ဘောင် အသိုင်းအဝိုင်းကို တိုးတက် ပြောင်းလဲအောင် ဘယ်လိုကူညီဆောင်ရွက်မလဲ ဆိုတာကို ရှင်းလင်းတဲ့ ဦးတည်ချက်တွေထားရှိတာတွေ့ ရပါတယ်။ လာမယ့် ဖိုရမ်မှာ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုမယ့် ထူးခြားဆန်းသစ်တဲ့ အကြံဥာဏ်တွေကို ရရှိစေဖို့ အခြားနိုင်ငံတွေက တက်ရောက်ကြမယ့် လူငယ် ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာလူငယ်နှစ်ဦးလဲ ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု Telenor မြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

Credit Internetjouranl
သီဟထိုက်
www.thihahtike.com
Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box