BMW ကားနဲ့ အဝေးထိန်း Transformer တူရကီအင်ဂျင်နီယာတွေ တီထွင် ~ MICT Garden

BMW ကားနဲ့ အဝေးထိန်း Transformer တူရကီအင်ဂျင်နီယာတွေ တီထွင်


  သာမန် BMW ကားတစ်စီးကို Transformer အဖြစ် တူရကီ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့က ပြောင်းလဲဖန်တီးခဲ့ပါတယ်။ ဒီယန္တရားဟာ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ခြေတွေလက်တွေနဲ့ ဧရာမစက်ရုပ်ကြီးတစ်ခုအသွင် ပြောင်းသွားပါတယ်။ အရင်ဆုံး ကားတံခါးတွေ ပွင့်လာပြီး ဓားသွားလက်မောင်းတွေလို ဖြစ်လာကြပါတယ်။

နောက် ကားအမိုးကနေ ခေါင်းတစ်ခုထွက်လာပြီး ကားရဲ့အစိတ်အပိုင်းတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်သဏ္ဍာန် မတ်တပ်ရပ်အနေအထားကို ပြောင်းလဲသွားပါတယ်။ Transformers ရုပ်ရှုင်ကားထဲက အကောင်တွေလို တစ်ပုံစံတည်း ဖြစ်ပါတယ်။ အဆင့်ဆင့်လုပ်ဆောင်ချက် တစ်ခုလုံး စက္ကန့်ပိုင်းသာ ကြာပါတယ်။

ANTIMON ခေါ် ရာနှုန်းပြည့် လည်ပတ်အလုပ်လုပ်နေတဲ့ ဒီရှေးပြေးပုံစံ တီထွင်ဖန်တီးဖို့ အင်ဂျင်နီယာ ၁၂ ယောက်နဲ့ နည်းပညာရှင်အကူ ၄ ယောက်ပါဝင်ပါတယ်။ ဒီ ANTIMON ကြီးက လမ်းမလျှောက်တတ်ပေမယ့် ဝယ်သူရှိရင် ဒီလုပ်ဆောင်ချက် ထပ်မံထည့်သွင်းနိုင်တယ်လို့ developer တွေက ပြောပါတယ်။ 

ဈေးနှုန်းမသတ်မှတ်ရသေးပေမယ့် နောက်ပိုင်း ဒီစက်ယန္တရား ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ လတ်တလော ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် မောင်းလို့တော့မရသေးပါဘူး။ ဒါပေမယ့် မောင်းလို့ရစေမယ့် လျှပ်စစ်သုံးအင်ဂျင် ထည့်သွင်းအသုံးပြုဖို့ကိုလည်း  စီစဉ်ထားကြောင်း သိရပါတယ်။

Ref: gdnonline
trend myanmar မှ ကူးယူဖော်ပြသည်။
www.mictgarden.com



Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box