ရောဂါကုသမှုအတွက် Chan Zuckerberg Initiative က ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည် ~ MICT Garden

ရောဂါကုသမှုအတွက် Chan Zuckerberg Initiative က ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်

 
ကလေးအထူးကု ဒေါက်တာပရီစီလာချမ်နှင့် သူမအမျိုးသား Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်တို့ တည်ထောင်ထားသော Chan Zuckerberg Initiative အနေဖြင့် အဆင့်မြှင့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် tool များ တည်ဆောက်ရန် ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဆန်ဖရန်စစ္စကိုမြို့၌ ချမ်က ပြောကြားခဲ့သည်။

ပထမဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် စတန်းဖို့တက္ကသိုလ်၊ ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေတက္ကသိုလ်တို့နှင့်ပူးပေါင်း၍ Biohub ဟုအမည်ရသော ဒေါ်လာ သန်း ၆၀၀ တန် သုတေသနစင်တာသစ်တစ်ခု ဖန်တီးသွားမည် ဖြစ်သည်။ Biohub သည် ရောဂါများ သိရှိနားလည်ပြီး ကုသရန်အတွက် tool အသစ်များ တည်ဆောက်သွားမည် ဖြစ်သည်။

Initiative ၏ တာဝန်မှာ ကလေးများ၏ဘဝအတွင်း ရောဂါများကိုတားဆီး၍ ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ကြောင်း ချမ်က ရှင်းလင်းပြောကြားခဲ့သည်။ “ကျွန်မတို့အနေနဲ့ ကလေးတွေ အသက်ရှည်ရှည်နေနိုင်တဲ့ အနာဂတ်ကို တည်ဆောက်လိုပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

Chan Zuckerberg Initiative သည် လူပုဂ္ဂိုလ်ကို လေ့လာခြင်း၊ ရောဂါကုသခြင်း၊ လူများကို ချိတ်ဆက်ခြင်းနှင့် ကျန်းမာသော လူမှုအသိုက်အဝန်းတည်ဆောက်ခြင်း စသည့် ကဏ္ဍလေးမျိုး၌ အာရုံစိုက်သွားမည် ဖြစ်သည်။ Chan Zukerberg Initiative သည် ကုမ္ပဏီလီမိတက်တစ်ခုဖြစ်ကာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းမဟုတ်ပေ။ Chan Zuckerberg သည် ပရိုဂရမ်များစွာတွင်လည်း ရင်းနှီးမြှုပ်နှံထားသေးသည်။

၎င်းတို့မှာ အိန္ဒိယကလေးငယ်များ၏ ပညာရေးနည်းပညာကုမ္ပဏီ BYJU နှင့် အာဖရိက software development လေ့ကျင့်ရေးပရိုဂရမ် Andela တို့ဖြစ်သည်။

Ref: CNNMoney
Credit Internetjouranl
သီဟထိုက်(ဆွေသဟာMobile)


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box