စတုတ္ထမြောက်အော်ပရေတာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ ၇ ခုကို ရွေးချယ် ~ MICT Garden

စတုတ္ထမြောက်အော်ပရေတာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ ၇ ခုကို ရွေးချယ်


မန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်မည့် စတုတ္ထမြောက် အော်ပရေတာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ ၇ ခုကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ယင်းကုမ္ပဏီ ၇ ခုထဲမှ ကုမ္ပဏီတစ်ခုကို နောက်ဆုံး အပြီးသတ်အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ဖေဖော်ဝါရီလထဲလောက် အပြီးသတ် ရွေးချယ်သွားနိုင်မယ်လို့ ထင်ပါတယ်။ ရွေးချယ်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထိုသို့ရွေးချယ်ရေးအတွက် စိစစ်ရွေးချယ်ရေးဆိုင်ရာ အကြံပေးများနှင့် ဆွေးနွေးနေကြောင်း သိရသည်။ ရွေးချယ်ပြီးသော ပြည်ပကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

လက်ရှိရွေးချယ်ထားသောကုမ္ပဏီ ၇ ခုတွင် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံတို့ မှ ကုမ္ပဏီများ ပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

 credit internetjournal
သီဟထိုက်
www.thihahtike.com 


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box