MEIZU စမတ်ဖုန်း အသုံးပြုသူ များအနေနှင့် မိမိတို့ဖုန်းတွင် ပါဝင်သော MEIZU ၏ Flyme Cloud စနစ်အား အသုံးပြုရာတွင် စနစ်တကျ ဂရုစိုက်အသုံးပြုသင့်ပြီး Flyme Cloud အကောင့်အား အသုံးပြုထားမှသာ ဖုန်းတွင်ဖြစ်ပေါ်လာသော Lock စနစ်များအား အကောင်းဆုံး ဖြေရှင်းပေးနိုင်လိမ့် မည်ဖြစ်ကြောင်း သိရသည်။
MEIZU ၏ Flyme Cloud စနစ်သည် iOS များတွင် ပါဝင်သော iCloud ကဲ့သို့ပင် ဖုန်း၏ အချက်အလက် လုံခြုံရေးအတွက် ပြုလုပ်ပေးထားသော စနစ်တစ်ခုဖြစ်ပြီး အကြောင်းတစ်စုံတစ်ခုကြောင့် ဖုန်း Lock ကျခြင်းများ ဖြစ်ပေါ်ခဲ့ပါက အဆိုပါ Cloud အကောင့်မှ တစ်ဆင့်ပြန်လည် ပြုလုပ်နိုင်မည် ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ MEIZU မှတာဝန်ရှိသူ တစ်ဦးကပြောပြရာ တွင် ''ကျွန်တော်တို့ ဖုန်းမှာပါဝင်လာတဲ့ Flyme Cloud အကောင့်ဟာ ဖုန်းရဲ့လုံခြုံရေး အတွက်အပြင် အသုံးပြုသူရဲ့ အချက်အလက် လုံခြုံရေးအတွက်ပါ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ဒီကောင့်ကို ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ရဲ့ဖုန်း Lock ကျသွားတဲ့အချိန်မှာ ဒီအကောင့်ကနေ တစ်ဆင့် အလုပ်လုပ်ရမှာဖြစ်ပြီး အကောင့်မမှတ်မိ တော့ဘူးဆိုရင်တော့ ဖုန်းကဘယ်လိုမှ အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။ အသုံးပြုသူက ဖုန်းမှာ Lock စနစ်တစ်ခုခုကို အသုံးပြုထားပြီး ဖုန်းပျောက်သွားတဲ့ အချိန်မျိုးတွေမှာ ဆိုရင်လည်း အသုံးပြုသူရဲ့ အချက်အလက် လုံခြုံရေးအတွက် ဒီ Cloud စနစ်က ထိန်းသိမ်းပေးထားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
Flyme Cloud တွင် ဖြည့်သွင်းထားသော မိမိ၏ Mail လိပ်စာနှင့် Password တို့ကို မှတ်သားထားမည်ဆိုပါက ဖုန်း Lock ကျချိန်တွင် အဆင်ပြေလွယ်ကူစွာ ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်သော်လည်း အကောင့်နှင့် Password အား မမှတ်မိပါက ဖုန်းအား ပိုင်ဆိုင်ကြောင်း လိုအပ်သော အထောက်အထား များနှင့်တကွ တင်ပြမှသာ ပြန်လည်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ MEIZU Pro5 အသုံးပြုသူ ကိုအောင်သူမှ ပြောပြရာတွင် ''ကျွန်တော် MEIZU Pro5 ကို သုံးနေတာပါ။ ဖုန်းမှာပါတဲ့ Flyme Cloud ကို ဖြည့်တော့ ဖြည့်လိုက်တယ်။ ဒါက ဘယ်လိုမှန်းလည်း သေချာမသိတော့ အဆင်ပြေသလိုပဲ အကောင့်ကို အမှတ်တမဲ့ဖြည့်ပြီး အသုံးပြုလိုက်မိတယ်။ ဒါပေမယ့် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားပြီး ဖုန်းရဲ့ Screen ကပွင့်နေတဲ့ အချိန်မှာ Pattern တွေကို အလိုအလျောက်လျောက်ထိပြီး ဆွဲမိသွားတော့ မှားယွင်းမှု အကြိမ်ရေ ပြည့်သွားတဲ့ အချိန်မှာ ဖုန်းက Lock ကျသွားရော။ အဲဒီမှာ ပြဿနာက စတော့တာပဲ။ Flyme Cloud အကောင့်က ဖြည့်ခဲ့တဲ့ Mail နဲ့ Password ကိုတောင်းနေတယ်။ ဒါပေမယ့် စလုပ်တုန်းက ဘယ်လို ဖြည့်ခဲ့မှန်း မမှတ်မိတော့ဘူး။ အဲဒီအချိန်မှာ ဖုန်းကဘာမှကို လုပ်လို့မရတော့ဘူး။ ပါဝါလည်း ပိတ်လို့မရဘူး။ Boot Setting ထဲကနေ Factory Reset လုပ်ကြည့်ဖို့အတွက်လည်း ကြိုးစားကြည့်တယ်။ မရတော့ဘူး။ ဘာမှကို လုပ်လို့မရတော့တာ။ Lock ကျနေတဲ့အချိန်မှာ ဖုန်းမှာရှိနေတဲ့ GPS က သူ့အလိုလို ပွင့်လာတယ်။ အင်တာနက်လည်း ပွင့်တယ်။ ဒါ ပေမယ့်အကောင့် မသိတော့ဘူးဆိုရင် ဘာမှကို လုပ်လို့မရတော့ဘူး'' ဟု ပြောသည်။
MEIZU ဖုန်းတွင် Lock ကျ သွားချိန်၌ ဖုန်း၏ GPS စနစ်အား အလိုအလျောက် ဖွင့်ထားပေးနေ မည်ဖြစ်ပြီး ဖုန်းအား မိမိအကောင့်နှင့် ပြန်လည်ဖွင့်နိုင်ရန်အတွက် အင်တာနက် စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်များအား အလိုအလျောက် ပွင့်လာမည်ဖြစ်သော်လည်း ဖုန်းအား ပါဝါပိတ်ခြင်း၊ Factory Reset ပြုလုပ်ခြင်းများအား ပြုလုပ်နိုင်မည် မဟုတ်ပဲ Flyme အကောင့်ဖြင့်သာ ပြန်ဖွင့်နိုင်မည် ဖြစ်သည်။ Flyme အကောင့်အား မမှတ်မိတော့ပါက ဖုန်းအားပိုင်ဆိုင်ကြောင်း အထောက်အထားများဖြင့် သက်ဆိုင်ရာ MEIZU ကုမ္ပဏီသို့ အကြောင်းကြားနိုင်မည် ဖြစ်ကြောင်းသိရသည်။
''ဖုန်း Lock ကျသွားချိန်မှာ Flyme အကောင့်ကို လုံးဝမသိတော့ဘူး ဆိုရင်တော့ ဖုန်းကိုဝယ်ခဲ့တဲ့ ဘောက်ချာနဲ့ အာမခံစာရွက်တွေကို တစ်ပါတည်း ယူဆောင်လာပြီး ကျွန်တော်တို့ဆားဗစ် ကောင်တာကို ယူလာခဲ့ရင် ကျွန်တော်တို့ကနေတစ်ဆင့် ဖုန်းပိုင်ဆိုင်မှု အထောက်အထားတွေကို ကုမ္ပဏီဖက်ကို အွန်လိုင်းကနေတစ်ဆင့် ပူးတွဲတင်ပြပေးပြီး ဖုန်းကို Lock ပြန်ဖြုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်'' ဟု MEIZU မှ Services Manager ကိုကြည်မြင့်က ပြောသည်။
Cloud Lock ကျပြီး အကောင့် မမှတ်မိသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံရှိ MEIZU ကုမ္ပဏီသို့ Mail ဖြင့် ပိုင်ဆိုင်မှု အထောက်အထားများ ပြသကာ Lock ဖြည်ခြင်းအား ပြန်လည်ပြု လုပ်နိုင်မည်ဖြစ်သလို ပြည်တွင်းရှိ MEIZU ဆားဗစ်ကောင်တာသို့ သွားရောက်ကာ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပြသ၍လည်း အကူအညီ ရယူနိုင်မည်ဖြစ်ပြီး ဖုန်း - ၀၉၂၅၀၀၇၃၀၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
သီဟထိုက်
www.thihahtike.com



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။