Apple က ၄ လက်မ iPhone သစ်ကို မတ်လ သို့မဟုတ် ဧပြီလတွင် ဖြန့်ချိမည်ဟူသောသတင်းများ ထွက်ပေါ်လာပြီးနောက် ဂစ်ရက်ဂါစ်ဆိုသူက iPhone 5 နှင့် ယှဉ်ကာ ဖော်ပြထားသော စမတ်ဖုန်းသစ်၏ ဓာတ်ပုံတစ်ပုံကို ဒတ်ခ်ျဝက်ဘ်ဆိုက် One More Thing တွင် ဝေမျှခဲ့သည်။ အဆိုပါ ဓာတ်ပုံကို မှတ်ပုံတင်ကာ သုံးစွဲရသော ဝက်ဘ်ဆိုက်၏ ဖိုရမ်တွင် ဝေမျှခဲ့ခြင်းဖြစ်သည်။
၎ လက်မအရွယ် iPhone သည် iPhone 5 နှင့် အရွယ်တူညီသော်လည်း ကွေးညွှတ်ထားသော ဖန်သားပြင်အနားစွန်းများ၊ ပါးလွှာသည့် bezel များ၊ နေရာပြောင်းထားသည့် FaceTime ကင်မရာ၊ ဆေးလုံးပုံစံ အသံအတိုးအကျယ်ခလုတ်များနှင့် ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည့် power ခလုတ် အပါအဝင် အသွင်အပြင်က iPhone 6 နှင့် iPhone 6s ဆင်တူသည်။
အဆိုပါဓာတ်ပုံသည် ၄ လက်မအရွယ် iPhone ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ၎င်းဓာတ်ပုံကို ဝေမျှခဲ့သည့် ဂစ်ရက်ဂါစ်ဆိုသူမှာ iPad Air ကို မမိတ်ဆက်မီ သုံးလခန့်အလိုတွင် အဆိုပါ tablet ၏ ဓာတ်ပုံများကို ဖော်ပြခဲ့သူဖြစ်သည်။
ကောလာဟလသတင်းများအရ ၄ လက်မအရွယ် iPhone သစ်တွင် ပါဝင်သော အစိတ်အပိုင်းများသည် iPhone 6 နှင့် တူညီပြီး A8 နှင့် M8 ချစ်ပ်များ၊ 8-megapixel ကျောဘက်ကင်မရာနှင့် Apple Pay အတွက် NFC တို့ပါဝင်ကြောင်း သိရသည်။
KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူကမူ Apple အနေဖြင့် ၄ လက်မအရွယ် iPhone နှင့် iPad Air 3 ကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဖြန့်ချိမည်ဟု ပြောကြားထားသည်။ အဆိုပါ ထုတ်ကုန်နှစ်မျိုးနှင့် Apple Watch စမတ်နာရီသစ်များကို ဆန်ဖရန်စစ္စကိုမြို့တွင် မတ်လ၌ကျင်းပမည့် ပွဲတစ်ခုတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။
Ref: MacRumors
credit to internetjournal
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။