Apple သည် ကျောင်းသားများက စာသင်ခန်းများရှိ iPad များအား ၎င်းတို့၏ account profile များဖြင့် ဝင်ရောက်အသုံးပြုနိုင်စေမည့် feature သစ်တစ်ခုကို စမ်းသပ်လျက်ရှိသည်။
User account အများအပြားဖြင့် အသုံးပြုခြင်းကို Apple ၏ ကွန်ပျူတာများတွင် ကာလအတန်ကြာကတည်းက ထောက်ပံ့ပေးထားသည်။ ဇန်နဝါရီလ ၁၁ ရက်တွင် iOS 9.3 beta ကို ဖြန့်ချိပေးခဲ့သော Apple သည် ကျောင်းများတွင် အသုံးပြုနေသော iPad များအတွက် feature သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိသွားရန် စီစဉ်နေသည်။
EdSurge ၏ အဆိုအရ ကျောင်းများသည် သင်ခန်းစာများပို့ချစဉ် စာသင်ခန်းများရှိ iPad များအားလုံးကို ထိန်းချုပ်နိုင်ခြင်းနှင့် ကျောင်းသားများ၏ screen များကို ဆရာများက ကြည့်ရှုနိုင်ခြင်း ကဲ့သို့သော ပညာရေးနှင့်သက်ဆိုင်သည့် iPad feature များအား beta တွင် ပါဝင်ရေးအတွက် Apple နှင့် ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။
iPad သည် ကျောင်းများ၊ လုပ်ငန်းများနှင့် အိမ်များရှိ ကွန်ပျူတာများနေရာ၌ အစားထိုးနေရာယူလျက်ရှိသည်။ စာသင်ခန်းများတွင် iPad များကို ဝေမျှသုံးစွဲခွင့်ရရှိခြင်းသည် အခြားသုံးစွဲသူများအပေါ် ထိခိုက်မှုမရှိစေဘဲ ကျောင်းသားများက ၎င်းတို့၏ account များဖြင့် အသုံးပြုနိုင်စေမည် ဖြစ်သည်။ Intelligent Sharing ဟုခေါ်သော အပိုဆောင်း feature တစ်ခုကလည်း ကျောင်းသားများက ၎င်းတို့၏ account များဖြင့် log in ပြုလုပ်ပြီးနောက် iPad တွင် နောက်ဆုံးအသုံးပြုခဲ့သော နေရာမှ ပြန်လည်အသုံးပြုနိုင်စေမည် ဖြစ်သည်။
Apple မှ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ feature အား စာသင်ခန်းပြင်ပရှိ iPad များ၌ အသုံးပြုနိုင်ခြင်း ရှိ၊ မရှိအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Ref: Quartz
Credit internetjournal
သီဟထိုက်
www.thihahtike.com



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။