"ကမ္ဘာ့ပထမဦးဆုံး 5G အော်ပရေတာ ဖြစ်လာမည်ဟု SK Telecom ကြေညာ" ~ MICT Garden

"ကမ္ဘာ့ပထမဦးဆုံး 5G အော်ပရေတာ ဖြစ်လာမည်ဟု SK Telecom ကြေညာ"





လက်ရှိတွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်မြန်နှုန်းများဖြင့် အသုံးပြုနေသော တောင်ကိုရီးယား နိုင်ငံသားများသည် 5G ဟုခေါ်သည့် ပဉ္စမမျိုးဆက် မိုဘိုင်းကွန်ရက်ကို စတင် အသုံးပြုသူများ ဖြစ်လာဖွယ်ရှိသည်။

နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ အသုံးပြုကြသည့် မိုဘိုင်း ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော SK Telecom က ကုမ္ပဏီအနေဖြင့် ကမ္ဘာ့ပထမဦးဆုံး 5G ကွန်ရက် အော်ပရေတာ ဖြစ်လာမည်ဟု ကြေညာခဲ့ကြောင်း Korean Herald သတင်းစာတွင် ဖော်ပြခဲ့သည်။

4G LTE နောက်တွင် ထွက်ပေါ်လာမည့် 5G သည် ကြိုးမဲ့စနစ် အင်တာနက်ချိတ်ဆက်မှုအတွက် အရေးပါသော အဆင့်မြှင့်တင်မှုတစ်ရပ် ဖြစ်သည်။ SK ၏ သရုပ်ပြသမှုအရ ၎င်း၏အမြန်နှုန်းသည် 19.1 gigabits-per-second ဖြစ်ပြီး တောင်ကိုရီးယားတွင် 25 megabits-per-second ဖြင့် အသုံးပြုနေသော 4G LTE သုံးစွဲသူများထက် အဆ ၁,၀၀၀ နီးပါး လျင်မြန်စွာ အသုံးပြုနိုင်မည်ဟု သိရသည်။ အဆိုပါ 5G အမြန်နှုန်းသည် 2GB ဗီဒီယိုတစ်ခုကို တစ်စက္ကန့်အတွင်း download ပြုလုပ်စေနိုင်မည် ဖြစ်သည်။

“SKT က 5G ကွန်ရက်ကို ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အသုံးချနိုင်ဖို့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု အမှုဆောင်အရာရှိချုပ် ချွိုင်ဂျင်ဆွန်က 5G Playground ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

Samsung Electroinics, Nokia, Intel အပြင် ဆက်သွယ်ရေး အခြေခံအဆောက်အဦ ထောက်ပံ့သူ Ericsson နှင့် အီလက်ထရွနစ်ကုမ္ပဏီ Rhode & Schwartz တို့ဖြင့် ပူးပေါင်း ပြုလုပ်ခဲ့သော အထက်ပါ ဖွင့်ပွဲတွင် ကွန်ရက်စမ်းသပ်မှုကို ၂၀၁၇ ခုနှစ်၌ စတင်နိုင်ဖွယ်ရှိကြောင်း SK Telecom မှ ဆိုခဲ့သည်။ စီးပွားဖြစ် ဆောင်ရွက်မှုကို ၂၀၂၀ ခုနှစ်တွင် စတင်ဖွယ်ရှိသည်။

သို့ရာတွင် SK Telecom က 5G ကို ဆောင်ရွက်နေသည့် တစ်ခုတည်းသော ဆက်သွယ်ရေးကုမ္ပဏီ မဟုတ်ပေ။ တောင်ကိုရီးယား ဆက်သွယ်ရေးကုမ္ပဏီ အနေဖြင့် ကမ္ဘာ့ပထမဦးဆုံး 5G အော်ပရေတာ ဖြစ်ရန် ဆန္ဒရှိပါက လာမည့်နှစ်တွင် ပဉ္စမမျိုးဆက် ကွန်ရက်ကို စတင်စမ်းသပ်ပြီး ၂၀၁၇ ခုနှစ်တွင် စီးပွားဖြစ် ဆောင်ရွက်ဖွယ်ရှိသည့် အမေရိကန်၏ Verizon Wireless ကို ကျော်ဖြတ်ရမည် ဖြစ်သည်။ သြစတြေးလျ၏ Telstra ကလည်း ၂၀၂၀ ခုနှစ်တွင် 5G ကွန်ရက်ကို စီးပွားဖြစ် စတင်နိုင်ရန် လျာထားသည်။

Verizon ၏ အဆိုအရ 5G သည် အမေရိကန်၏ လက်ရှိ 4G LTE ကွန်ရက်ထက် အမြန်နှုန်း အဆ ၃၀ မှ ၅၀ အထိ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ ထို့အပြင် Ericsson အမှုဆောင် အရာရှိချုပ် ဟန်စ်ဗက်စ်ဘာ့ခ်ကလည်း 5G သည် Internet of Things gadget များ တစ်ဟုန်ထိုး တိုးပွားလာရန်အတွက် အထောက်အပံ့ဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း ဇန်နဝါရီလက ပြောကြားခဲ့သည်။

Ref: CNET

http://internetjournal.media/news/4650

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box