Window PC ပေါ်မှာ Android Application တွေကို တင်သုံးဖို့အတွက် NOX APP Player ~ MICT Garden

Window PC ပေါ်မှာ Android Application တွေကို တင်သုံးဖို့အတွက် NOX APP Player

  သင့်ရဲ့ PC ကို Android ဖုန်းတစ်လုံးအဖြစ် အသုံးပြုချင်တယ်ဆိုရင်တော့ တော်တော်အဆင်ပြေသွားပါပြီ။ Gamer များအတွက်ဆိုရင်လည်း Android Phone Screen သေးသေးလေးနဲ့ အားမရဘူးဆိုရင်တော့ ဒီ Software လေးက တော်တော် မိုက်သွားမှာပါ။ ဒီ Software လေးကို လိုချင်တယ်ဆိုရင်တော့ http://www.bignox.com မှာ ရနိုင်ပါသည်။ ကျွန်တော်ရဲ့ www.mictgarden.com   တွင်လည်း တင်ပေးထားပါသည်။ ဖိုင်အရွယ်အစားကတော့ 247.5 MB ရှိပါသည်။

COC ကဲ့သို့ Online Gmae တွေကို ကစားမယ်ဆိုရင်တော့ သင့် PC မှာ အင်တာနက်ချိတ်ဆက်ထားလျှင် ကစားလို့ရပါသည်။ ပြီး Android Dveloper များအတွက် PC မှာပဲ မိမိရဲ့ Android Apk တွေကို Run ဖို့ အဆင်ပြေတဲ့ Software လေးပါ။ အရင် အရင်က ထွက်ရှိထားသော Bule Stack နှင့် You Wave Software များရဲ့ လေးလံမှု၊ အမြင်ပိုင်း အဆင်မပြေမှုတွေအားလုံးသော error တွေ ကင်းရှင်းတဲ့ NOX App Player လေးပါ။
  Install လုပ်ရန်အတွက် Install ကိုနှိပ်လိုက်ပါ။ ပြထားသည့်အတိုင်း 100% Loading ပြည့်ပါက စတင်ပြီး အသုံးပြုလို့ရပါသည်။

တစ်ခါတည်း Rooted ဖြစ်ပြီးရုံသာမက Google Play Service ပါရှိပြီးဖြစ်ပါသည်။ သင့်ရဲ့ ကွန်ပျူတာမှာ ယခုဆိုရင် Android ဖုန်းတစ်လုံးကို ရရှိပိုင်ဆိုင်သွားပါပြီ။

       
  သင့် PC ရဲ့ Nox မှာ သင်အသုံးပြုမည့် Apk တွေကို တင်သုံးချင်တယ်ဆိုရင်တော့ ထည့်သွင်းအသုံးပြုမည့် Android Apk ဖိုင်များကို သင့် PC ရဲ့ My Document အောက်ရှိ Nox_share ဖိုင်ထဲတွင် ထည့်သွင်းရပါမည်။


 Nox_share ကိုဖွင့်လိုက်လျှင် ပြထားသည့်အတိုင်း App, Image နှင့် Other ရှိပါသည်။ ထည့်သွင်းမည့် Application တွေကိုတော့ App ထဲမှာ ထည့်သွင်းရပါမည်။


ကျွန်တော်ကတော့ Clash of Clans Game နှင့် UCAPAY Online Market Apk ကို ထည့်လိုက်ပါသည်။


ဒါဆိုရင်တော့ Nov App Player ကို ဖွင့်ပါ။ ဖုန်းလုပ်ဆောင်ချက်တွေအတိုင်း File Manager ကိုဖွင့်လိုက်ပါ။


ပြထားသည့်အတိုင်း APP, Image နှင့် Other ဖိုင်များရှိနေပါမည်။ ကျွန်တော်ထည့်ထားသည့် App ဖိုင်ကို ဖွင့်ပြီး Application တွေကို တင်ပါတော့မည်။

အခုဆို ကျွန်တော်ထည့်သွင်းထားသည့် Clash Of Clans နှင့် Ucapay Apk များရှိနေပါသည်။ Install လုပ်ရန် Clash of Clans ကို ဖွင့်ပြီး Install လုပ်လိုက်ပါမည်။


ပုံမှန် Andriod ဖုန်းတစ်လုံးမှာ Install လုပ်သလိုပါပဲ ဘာမျှ ထူးခြားမှု မရှိပါဘူး။ ထုံးစံအတိုင်း Next နှိပ် တင်လိုက်ရုံပါပဲ။


 အားလုံးတင်ပြီးပြီးဆိုရင်တော့ Home Display မှာ ကျွန်တော်တင်လိုက်သော Clash Of Clans Game လေးရောက်နေပါပြီ။


ဒါဆိုရင်တော့ Application တွေ Window PC ပေါ်မှာ တင်သုံးဖို့ အဆင်ပြေမည်ထင်ပါသည်။ အောက်မှာ ကျွန်တော်ရဲ့ Clash Of Clans Game လေး ၀င်ထားပုံကြည့်လိုက်ပါ အရမ်းနဲ့ လန်းပါသည်။


ကိုမြတ် (MICT Garden)
Techspace Journal , Volume.4, Issuse.22/ September 8/ 2015 ရက်နေ့ Journal တွင်  ရေးသားခဲ့သော ကျွန်တော်ရဲ့ Post လေးပဲဖြစ်ပါသည်။


 အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။
 
အားလုံးကို ကျေးဇူးတင်ပါသည်။

 

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box