Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ ~ MICT Garden

Samsung ၏ အကူအညီဖြင့် လက်တော့ပ်ဈေးကွက်သို့ Xiaomi ဝင်ရောက်ဖွယ်ရှိ





Mi စမတ်ဖုန်းများဖြင့် တရုတ်နိုင်ငံရှိ Apple ဈေးကွက်ရှယ်ယာများကို ရယူနိုင်ခဲ့သော Xiaomi သည် လက်တော့ပ်ဈေးကွက်တွင် Apple နှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Xiaomi သည် ထုတ်ကုန်သစ်အတွက် screen များနှင့် memory အစိတ်အပိုင်းများ ထောက်ပံ့ပေးဖွယ်ရှိသော အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung နှင့် ဆွေးနွေးနေကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
အမည်မဖော်ပြထားသော ရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားသော Bloomberg ၏ ဖော်ပြချက်အရ ၎င်းလက်တော့ပ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖြန့်ချိဖွယ်ရှိကြောင်းနှင့် ဘေဂျင်းအခြေစိုက် ကုမ္ပဏီအနေဖြင့် Apple ၏ MacBok Air နှင့် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi သည် ဈေးနှုန်းသင့်တင့်ပြီး ဆွဲဆောင်မှုရှိသော ထုတ်ကုန်များဖြင့် တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားလာခဲ့သူ ဖြစ်သည်။

၎င်းသည် ဒေသတွင်းတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ရန် Apple နှင့် ယှဉ်ပြိုင်နေရသည်။ Apple သည် ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ နံပါတ်တစ် နေရာကို ရရှိခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် Xiaomi ကို ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

Xiaomi သည် စမတ်ဖုန်းများအပြင် တီဗီများ၊ ကျန်းမာရေးကို ခြေရာခံနိုင်သော လက်ပတ်များ၊ tablet များနှင့် လေသန့်စင်စက်များကို ထုတ်လုပ်ထားသည်။

တရုတ်စမတ်ဖုန်းကုမ္ပဏီသည် ဇူလိုင်လက Apple ၏ iPhone 6 နှင့် ယှဉ်ပြိုင်ရန်အတွက် Mi Note Pro ကို ဖြန့်ချိခဲ့သည်။ Mi Note Pro ၏ လျင်မြန်သော စွမ်းဆောင်ရည်နှင့် ပါးလျသည့် ဒီဇိုင်းကြောင့် CNET ၏ ဆန်းစစ်မှုတွင် အမြင့်ဆုံးအမှတ်ရရှိခဲ့သည်။

Ref: CNET
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box