iOS Apps တွေကို Windows ပေါ်တွင် ထည့်သွင်းအသုံးပြုနည်း ~ MICT Garden

iOS Apps တွေကို Windows ပေါ်တွင် ထည့်သွင်းအသုံးပြုနည်း

ကဲ iOS Application တွေကို Window ပေါ်မှာ Run ဖို့အတွက် လုပ်ဆောင်နည်းလေး ဖြစ်ပါသည်။ 

အရမ်းခက်ခဲတဲ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ Android Application တွေကို 

Window ပေါ်မှာ အသုံးပြုနိုင်ရန်အတွက် Bluestacks, Nox Player တွေအသုံးပြုသလိုပါပဲ။ 

အခုထွက်လာတဲ့ iPadian ဆိုတဲ့ Software လေးကို ထည့်သွင်းအသုံးပြုရမှာဖြစ်ပါသည်။

          iPadian ကိုတော့ http://www.xpadian.com/ တွင်ဒေါင်းယူနိုင်ပါသည်။ 38.7 MB 

ပဲရှိတဲ့အတွက် ဖိုင်အရွယ်အစားလည်း မကြီးပါဘူး။ ကဲဒေါင်းပြီးပြီ ဆိုရင်တော့ Install 

လုပ်ဖို့ ပြထားသည့်အတိုင်းလေး သွားလိုက်ရအောင်။  ပြထားသည့်အတိုင်း Next နှိပ်ပါ။

           iPadian ကို ထည့်သွင်းမည့် နေရာ ရွေးခိုင်းခြင်း ဖြစ်ပါသည်။ ရွေးချယ်ပေးထားသည့်အတိုင်း     

C: ရဲ့ Program Files မှာပဲ ထည့်သွင်းမည့်ဖြစ်၍ Next ကိုနှိပ်ပါ။

သင့်ရဲ့ Start Menu ထဲတွင် iPadian ကို ထည့်သွင်းမည့် Folder Name ရွေးချယ်မှုပါ။ 

သူပေးထားသည့် အတိုင်း iPadian ကိုပဲထားပြီး Next နှိပ်ရပါမည်။

 Create a Desktop icon ကို Check လုပ်ထားပြီး ပြထားသည့် Next ကိုနှိပ်ပါ။

အားလုံး ရွေးချယ်မှု ပြီးသည့်အတွက် Install ရွေးပြီး ထည့်သွင်းသွားပါမည်။

ကဲ Launch iPadian ကို Check လုပ်ထားရင်တော့ Finish နှိပ်ရင် iPadian Program Run သွားပါမည်။

ကဲ iPadian ကို ဖွင့်လိုက်တယ် ဆိုရင်တော့ အောက်ပါအတိုင်း ပြနေပါလိမ့်မည်။ 

လိုအပ်တဲ့ iOS Application တွေကိုတော့ App Store ကနေ ထပ်မံ ဒေါင်းယူနိုင်ပါသည်။

                                                                                 ကိုမြတ် (MICT Garden)

Techspace Journal , Volume.4, Issuse.23/ September 15/ 2015 ရက်နေ့ Journal တွင်  ရေးသားခဲ့သော ကျွန်တော်ရဲ့ Post လေးပဲဖြစ်ပါသည်။

အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။
 
အားလုံးကို ကျေးဇူးတင်ပါသည်။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box