Intel သည် စွမ်းဆောင်ရည်မြင့် gaming ကွန်ပျူတာများမှ USB stick အရွယ် ကွန်ပျူတာများအထိ ရည်ရွယ်ထုတ်လုပ်ထားသော စီမံကိန်းလျှို့ဝှက်အမည် Skylake ဟုခေါ်သည့် နောက်ဆုံးပေါ် ပရိုဆက်ဆာများကို မိတ်ဆက်ပေးခဲ့သည်။
ဆဋ္ဌမမျိုးဆက် Core ပရိုဆက်ဆာများ၏ microarchitecture သစ်ကြောင့် စွမ်းဆောင်ရည်၊ ဘက်ထရီသက်တမ်းနှင့် ဂရပ်ဖစ်စွမ်းဆောင်ရည်တို့ကို ပိုမိုကောင်းမွန်စေမည်ဟု Intel မှ ပြောကြားသည်။
၎င်းချစ်ပ်များသည် 4K ဗီဒီယိုများကိုလည်း ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း သိရသည်။
သို့သော်လည်း အမေရိကန်ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်အသစ် လိုအပ်သည့် သုံးစွဲသူများကို သိမ်းသွင်းစည်းရုံးရန် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိသည်။
Microsoft မှ ဖြန့်ချိခဲ့သော နောက်ဆုံးပေါ် operating system ဖြစ်သည့် Windows 10 သည် သုံးစွဲသူများအား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်စေနိုင်သလို ၎င်းဆော့ဖ်ဝဲကို အသုံးပြုရန်အတွက်လည်း ပရိုဆက်ဆာများ အဆင့်မြှင့်တင်ရန် မလိုကြောင်း အကြံပြုထားသည်။
သုံးစွဲသူများသည် ယခင်က operating system များကို အဆင့်မြှင့်တင်လိုသည့်အခါ ကွန်ပျူတာအသစ်များကို ဝယ်ယူကြသော်လည်း ယခုအကြိမ်တွင်မူ ဝယ်ယူမှုများ ပြုလုပ်ဖွယ် မရှိပေ။
ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ဥရောပဈေးကွက်များ၏ ရောင်းအားကျဆင်းမှုတို့ကြောင့်လည်း ကုမ္ပဏီများနှင့် အစိုးရများ အနေဖြင့် ၎င်းတို့၏ ကွန်ပျူတာများကို အဆင့်မြှင့်တင်မှု နှောင့်နှေးဖွယ်ရှိသည်။
Intel ကမူ သက်တမ်း ငါးနှစ်နှင့်အထက် ရှိသော ကွန်ပျူတာများ သုံးစွဲမှုသည် သန်း ၆၀၀ ကျော်ရှိကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
နည်းပညာ လေ့လာဆန်းစစ်သူ ဂျက်ခ်ဂိုးလ်ကမူ “ကွန်ပျူတာအဟောင်းကို ပိုင်ဆိုင်သူ တော်တော်များများက Windows 10 ကို upgrade လုပ်သလို ကွန်ပျူတာသစ်တစ်လုံးကိုလည်း ဝယ်ယူပါလိမ့်မယ်။ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာကို လိုအပ်သူတွေအတွက်က ပိုပြီး ဆွဲဆောင်စရာတစ်ခု ဖြစ်လာပါလိမ့မယ်။ နောက်ပြီး ဒီပရိုဆက်ဆာကြောင့် ပန်ကာမလိုတဲ့ ပါးလွှာ ပေါ့ပါးပြီး သေးငယ်တဲ့ ထုတ်ကုန်ဒီဇိုင်းသစ်တွေကို တွေ့မြင်ရဖို့ရှိပါတယ်။ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့အတွက်ကြောင့်လည်း ဘက်ထရီကို ၁၀ နာရီကနေ ၁၂ နာရီအထိ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
Ref: BBC
Credit internetjournal



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။