ပြီးခဲ့သည့်
ရက်သတ္တပတ်ခန့်က Pinterest ကို အမျိုးသားများ အသုံးပြုမှု ၁၈
ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်း
မြင့်တက်လာကြောင်း Pinterest ဈေးကွက်ရှာဖွေရေး စီးပွားဖက် Ahalogy
မှကောက်ယူသော စစ်တမ်းအရ သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း ဆိုက်အတွင်းရှိ
အမျိုးသား သုံးပုံနှစ်ပုံခန့်သည် ဝန်ဆောင်မှုကို စတင်အသုံးပြုကြကြောင်း
စစ်တမ်းက ဖော်ပြခဲ့သည်။
Pinterest ၏သုံးစွဲသူအများစုမှာ အမျိုးသမီးများ ဖြစ်သော်လည်း ၎င်းဝန်ဆောင်မှုကို အသုံးပြုနေကျ ပုံစံဖြစ်သော အမေရိကန်နိုင်ငံ အလယ်ပိုင်းတွင် နေထိုင်သည့် သက်လတ်ပိုင်းသားသည် အမေများ အသုံးပြုမှုမှာ လျော့ကျခဲ့သည်။ ထို့အပြင် Pinterest ကို လူငယ်များ သုံးစွဲမှုပိုမို မြင့်တက်လာပြီး အသက် ၄၀ အရွယ်အောက် ပုံမှန်သုံးစွဲသူ ၆၇ ရာခိုင်နှုန်းအထိ ရှိလာပြီး ယမန်နှစ်ကမူ ၄၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
လက်တင်အမေရိကရှိ စပိန်ဘာသာစကား ပြောဆိုသူ (Hispanic) များသည်လည်း Pinterest ကိုသုံးစွဲရာတွင် ၂၀၁၄ ခုနှစ်တွင် ၃ ရာခိုင်နှုန်းမှ ယခုနှစ်၌ ၉ ရာခိုင်နှုန်း ရှိလာကြောင်း စစ်တမ်းအရ သိရသည်။
၎င်းစစ်တမ်းသည် Pinterest ဝက်ဘ်ဆိုက်သုံးစွဲသူ ၁,၀၁၅ ဦးထံမှ အချက်အလက်များကို ရယူထားပြီး ၎င်းတို့အနက် သုံးစွဲသူ ၅၀၅ ဦးအနေဖြင့် တစ်လလျှင် တစ်ကြိမ်ခန့်သာ ၎င်းဝန်ဆောင်မှုကို အသုံးပြုကြကြောင်း သိရသည်။ အဆိုပါ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၂၀၆ ဦးသည် Pinterest ကိုနေ့စဉ် အသုံးပြုကြသည်။ စစ်တမ်းအပြည့်အစုံကို Ahalogy ၏ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် လွှင့်တင်ထားသည်။
Ref: Fortune
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။