မြန်မာငွေပေးချေရေးအဖွဲ့က အကြွေးဝယ်ခွင့်ကတ် သုံးစွဲမှုကို ဗဟိုဘဏ်နှင့် ပူးပေါင်းပြီး Online စနစ်ဖြင့် ထိန်းချုပ်သွားမည်





မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ခွင့်ပြုပေးလိုက်ပြီဖြစ်သည့် အကြွေးဝယ်ခွင့်ကတ် (Credit  Card) သုံးစွဲမှုကို Online ချိတ်ဆက်မှုဖြင့် စနစ်ကျသည့် စီမံခန့်ခွဲမှုများဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေရေးအဖွဲ့ (MPU-Myanmar Payment Union) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်ဝန်းကျင်ကဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရသည့် အဖြစ်အပျက်များ ကို အခြေခံပြီး အကြွေးဝယ် ကတ် သုံးစွဲမှုကို မြန်မာနိုင်ငံတော် ဗဟို ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း များ ပူးပေါင်း၍ စီမံခန့်ခွဲသွား မည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်းဘဏ် လုပ်ငန်းအချို့ ပြိုလဲခဲ့သည့် အချိန်ကာလ အတွင်းက အကြွေးဝယ်ခွင့်ကတ်များနှင့် ပတ်သတ်၍ အမည်မည်းစာရင်း မှတ်တမ်းရှိခဲ့သူများ အားလည်း အဆိုပါ ကတ်များအား ပြန်လည်သုံးစွဲခွင့်ပေးမည့် ယခု တစ်ကြိမ်တွင် စိစစ်သွားမည်ဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“၂၀၀၃ ကဖြစ်ခဲ့တဲ့ ဘဏ်လုပ်ငန်းအချို့ ပိတ်သိမ်းခဲ့ရတာကို သင်ခန်းစာယူပြီး ဒီတစ်ကြိမ်မှာ စနစ်တကျနဲ့ လုပ်ပေးသွားမယ်။ အရင်တစ်ခေါက်က black list အသွင်း ခံထားရသူတွေကို သေသေချာချာ ဆန်းစစ်သွားမယ်။ အဓိကကတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အတွေ့အကြုံကို အခြေခံပြီး စီမံခန့်ခွဲမှုကို သေချာလုပ်ရမယ်။ ကတ်သုံးစွဲမှုကို စနစ်တကျ ထိန်းချုပ်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

MPU အဖွဲ့ဝင်ဘဏ်များ၏ အကြွေးဝယ်ခွင့်ကတ်များ အသုံး ပြုခွင့်ရရှိရန် တင်ပြချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် လအနည်းကမှ ခွင့်ပြုပေး လိုက်ခြင်းဖြစ်ပြီး ၂၀၀၃ ပြည်တွင်း ဘဏ်လုပ်ငန်း အချို့ ပြိုလဲမှုဖြစ် ပေါ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ထုတ်လုပ်ခွင့် ရရှိ ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် MPU အဖွဲ့ဝင် ဘဏ်လုပ်ငန်း ၂၀ အနက် ၁၅ ဘဏ်သည် အဆိုပါ အကြွေး ဝယ် ကတ်ထုတ်ဝေခွင့်ကို ရရှိထားပြီ ဖြစ်ပြီး ကမ္ဘောဇဘဏ်သည်ယင်း ကတ်သုံးစွဲမှုကို စတင်လုပ်ဆောင် ပေးနေပြီဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။