Apple
သည် စက်တင်ဘာလတွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ပွဲတွင် iPhone 6s
နှင့် iPhone 6s Plus တို့ကို မိတ်ဆက်ပေးသည်နှင့် တစ်ပြိုင်နက် iPhone 5c
ရောင်းချမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။
အဆိုပါ သတင်းဌာန၏ အဆိုအရ Apple သည် ၄ လက်မ screen ပါဝင်သော
စမတ်ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် ၎င်းကို
ယခုနှစ်တွင် တင်ပို့ရောင်းချရန် အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen အသီးသီးပါဝင်သော iPhone 6 နှင့် iPhone 6 Plus တို့ကို မတ်ဆက်ပေးခဲ့သည်။ ယခင် iPhone 5s တွင်မူ ၄ လက်မ display ကို အသုံးပြုခဲ့သည်။
iPhone 5c ရောင်းချမှုကို ရပ်ဆိုင်းရခြင်းမှာ နှေးကွေးသော ပရိုဆက်ဆာကဲ့သို့သော feature အဟောင်းများနှင့် ရောင်းအားနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း 9to5Mac မှ ဆိုခဲ့သည်။
စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် Apple ပွဲတွင် နောက်ဆုံးပေါ် iPhone နှင့်အတူ အဆင့်မြှင့်ထားသော Apple TV set-top box တို့ကို မြင်တွေ့ရဖွယ်ရှိသည်။
Ref: USAToday
Credit internetjournal

Thiha Htike(THT)
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။