Audi, BMW နှင့် Daimler တို့ပါဝင်သော ဂျာမန် ကားကုမ္ပဏီအဖွဲ့တစ်ဖွဲ့သည် Nokia ၏ Here ဒီဂျစ်တယ်မြေပုံလုပ်ငန်းကို ယူရို ၂.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။
Nokia သည် ၎င်းနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေပြီး မောင်းသူမဲ့ကားများကို ဖန်တီးရာတွင် အကူအညီဖြစ်စေရန် မျှော်လင့်လျက်ရှိသည်။ Here သည် ဒီဂျစ်မြေပုံကို တည်ဆောက်ရန် cloud နည်းပညာကို အသုံးပြုထားသည်။
“အလွန်တိကျတဲ့ ဒီဂျစ်တယ်မြေပုံတွေက အနာဂတ် ကားနည်းပညာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်” ဟု Daimler ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌ ဒီယက်တာဇက်ချီက ပြောကြားခဲ့သည်။
ကားကုမ္ပဏီများသည် Here ၏ နည်းပညာကို ရှင်းလင်းတိကျသော ဒီဂျစ်တယ်မြေပုံနှင့် ပေါင်းစပ် အသုံးပြုရန် စီစဉ်ထားသည်။
“ကားလုပ်ငန်းရဲ့ ထောက်ပံ့ရေးစနစ်သစ်တွေနဲ့ အလိုအလျောက် မောင်းနှင်မှုကို အပြည့်အဝ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဟာက အခြေခံ ဖြစ်ပါတယ်” ဟု ကားကုမ္ပဏီများက ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။
အထက်ပါ ကားကုမ္ပဏီများသည် Here ၏ ဈေးကွက်ဝေစုကို ညီတူညီမျှ ရယူရန် စီစဉ်ထားသည်။
ထို့အပြင် အချိန်နှင့် တစ်ပြေးညီဖော်ပြပေးနိုင်မည့် မြေပုံဖန်တီးရန်အတွက် ကားကုမ္ပဏီများက အချက်အလက်များကို ဝေမျှကြမည်ဟု ပြောကြားခဲ့သည်။
“ကားကုမ္ပဏီတစ်ခုတည်းနဲ့ ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Here ရဲ့ ပိုင်ရှင်သစ်တွေက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို အရှိန်မြင့် လုပ်ဆောင်နိုင်စေပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့လည်း location cloud ကုမ္ပဏီ တစ်ခုအနေနဲ့ ဦးဆောင်သူ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်” ဟု Here ဥက္ကဋ္ဌ ရှောင်ဖန်ဘက်က ပြောကြားခဲ့သည်။
Ref: BBC
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။