Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင် ~ MICT Garden

Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်

Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Myanmar Telecommunications Master Plan မူကြမ်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.mcit.gov.mm/law-and-regulation/telecoms တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စတင်ဖော်ပြ၍ အကြံပြုချက်များ တောင်းခံလျက်ရှိကြောင်း၊ အကြံပြုချက်များကို so-info1@e-mcit.gov.mm သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။

ယင်းအပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် Master Plan နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းမည်ဖြစ်ကြောင်း၊ မည်သူမဆို ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တက်ရောက်၍ ဆွေးနွေးလိုသူများအနေဖြင့် Master Plan မူကြမ်းတွင် ပါဝင်သော ဆွေနွေးလိုသည့် ခေါင်းစဉ်၊ အချက်အလက်၊ အကြောင်းအရာ တို့ကိုဖော်ပြ၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်၊ တနင်္လာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး so-info1@e-mcit.gov. mm သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box