မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုအား တစ်နာရီစာ
ဖုန်းခေါ်ဆိုမှု အတွက် ပထမ ငါးမိနစ်စာသာ ကုန်ကျမည့် အစီအစဉ်ကို ယခုလ ၂၈ တွင်
စတင် သွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းက သတင်း ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ
သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလျှော့ချသည့် ဝန်ဆောင်မှုသည်
နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အသုံးဝင်မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ သိရသည်။MPT ၏ ဆွေသဟာ ဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခ သက်သာစေမည့် အဆိုပါ အစီအစဉ်သည် မိနစ် ၆၀ တိတိ ဆက် တိုက်ဖုန်းခေါ်ဆိုမှုများတွင်သာ အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် ထပ်ဆောင်း လျှောက်ထားမှုမှ ပြုလုပ်ရန် မလိုအပ်ပဲ အလိုအလျှောက် သုံးစွဲနိုင်မည်ဖြစ်သည်။
“ပထမ ၅ မိနစ်စာအတွက်ပဲ ဖြတ်တောက်သွားမှာပါ။ မိနစ် ၆၀ ကျော်သွားရင်တော့ မူလ ဈေးနှုန်းအတိုင်း ဖြစ်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း အချိန်ကြာကြာနဲ့ ကုန်ကျစားရိတ် သက်သာအောင် ဖုန်းပြောဆိုနိုင်အောင်လို့ပါ”ဟု အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် ဆွေသဟာဝန်ဆောင်မှုကို အသုံးပြုနေသူများသည် ပထမ ငါးမိနစ်ခေါ်ဆိုမှု အတွက် တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့် ၁၁၅ ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိသည့် ၅၅ မိနစ် အတွင်း ဖုန်းခေါ်ဆိုမှုများ အတွက် ပေးဆောင်ရန် မလိုတော့ဟု သိရသည်။
MPT ၏ ယခုအစီအစဉ်သည် GSM နှင့် WCDMA သုံးစွဲသူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာ အကျုံးဝင်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုအား post-Paid နှင့် pre- paid နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
Credit internetjournal
Thiha Htike(THT)
My Facebook Account Click



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။