MPT ၏ ADSL အထူးဝန်ဆောင်မှုအချို့ နှစ်စဉ်ကြေးအခမဲ့ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
MPT အနေဖြင့် ADSL အထူးဝန်ဆောင်မှုများတွင် Static IP Adress, ဖုန်းနံပါတ်ပြောင်းလဲခြင်း (သက်ဆိုင်ရာ အိတ်ချိန်း၊ အိတ်ချိန်း ပြောင်းလဲခြင်း) တို့အတွက် နှစ် စဉ်ကြေး မကောက်ခံကြောင်း တွေ့ရသည်။ Static IP Adress တွင် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်၊ သက်ဆိုင်ရာ အိတ်ချိန်းမှ ဖုန်းနံပါတ်ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင် ငါးသောင်းကျပ်၊ အိတ်ချိန်းပြောင်းလဲပြီး ဖုန်းနံပါတ် ပြောင်းလဲခြင်းအတွက် ကနဦး တပ်ဆင်ခ တစ်သိန်းကျပ် သတ်မှတ်ထားသော်လည်း နှစ်စဉ်ကြေး မကောက်ခံကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာထားသည်။
အဆိုပါ ဝန်ဆောင်မှုများတွင် အီးမေးလ်အကောင့် ထပ်ဖွင့်ခြင်းများအတွက် အကောင့် ၁၀ ခုအထိ နှစ်စဉ်ကြေး ၁၂,၀၀၀ ကျပ်၊ အကောင့် ၂၀ အထိ နှစ်စဉ်ကြေး ၁၀,၀၀၀ ကျပ်၊ အကောင့် ၃၀ အထိ နှစ်စဉ်ကြေး ၉,၀၀၀ ကျပ်၊ အကောင့် ၅၀ အထိ နှစ်စဉ်ကြေး ၈,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း တွေ့ရသည်။
ADSL လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။ MPT ၏ ADSL အခြေခံဝန်ဆောင်မှုများ အနေဖြင့် ငါးမျိုးရှိပြီး 512 Kbps, 1Mbps, 1.5 Mbps, 2Mbps, 2.5 Mbps တို့ဖြစ်ကြောင်း သိရသည်။ အမျိုးအစားအားလုံးအတွက် ကနဦးတပ်ဆင်ခ ငါးသောင်းကျပ်နှင့် နှစ်စဉ်ကြေး ငါးသောင်းကျပ်စီ သတ်မှတ်ထားကြောင်း၊ လစဉ်ကြေးမှာ အမျိုးအစားအပေါ် မူတည်၍ ကွာခြားမည်ဖြစ်ကြောင်း တွေ့ရသည်။
အမျိုးအစားအပေါ်မူတည်၍ အခမဲ့အီးမေးလ်အကောင့်တစ်ခုမှ ၁၅ ခုအထိ ရရှိမည်ဖြစ်သည်။ လစဉ်ကြေးများမှာ ၁၇,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Credit internetjournal
Thiha Htike(THT)
My Facebook Account Click



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။