iPhone တွင် Wi-Fi အားနည်းလျှင် Cellular Data သို့အလိုအလျောက်ပြောင်းမည် ~ MICT Garden

iPhone တွင် Wi-Fi အားနည်းလျှင် Cellular Data သို့အလိုအလျောက်ပြောင်းမည်

ယခု iOS 9 နောက်ဆုံးထွက်မှာ Wi-Fi Assit ဆိုတဲ့ Feature လေး ပါဝင်လာမှာ ဖြစ်ပါတယ်။ ယင်း feature က ဘာလုပ်ပေးသလဲ ဆိုရင် Wi-Fi ဖွင့်ထားသော်ငြားလည်း Wi-Fi ဆွဲအားမကောင်းရင် Cellular Data လည်း ဖွင့်ထားပြီး Cellular Data ကို အသုံးပြုပေးပါလိမ့်မယ်။ ယင်းသို့ ပြုလုပ်ပေးခြင်းက ဘယ်လောက်တောင် သက်သာသွားစေတယ် ဆိုတာ အိုင်ဖုန်း သုံးသူများ သိပါလိမ့်မယ်။
ယခု လက်ရှိအချိန်မှာတော့ Wi-Fi ဖွင့်ပြီးသုံးနေတုန်း လိုင်းမကောင်းရင် Wi-Fi ကို ပြန်ပိတ်၊ Cellular-Data ကိုဖွင့်ထားပြီး သုံးရ ပါတယ်။ Cellular-Data နဲ့ Wi-Fi ကို အတူဖွင့်ထားရင် လက်ရှိ iOS တွေမှာ Wi-Fi ကနေ Data အသွားအပြန် လုပ်ပေးပါတယ်။ အကယ်၍ Wi-Fi ပိတ်လိုက်မှသာ Cellular-Data လို့ခေါ်တဲ့ မိုဘိုင်းဖုန်းက အင်တာနက်ကို အသုံးပြုပါတယ်။ ယခု အသစ်လုပ်ထားတဲ့ iOS 9 ကတော့ လိုင်းပိုကောင်းတဲ့ဟာကို သူ့အလိုအလျောက် ရွေးသွားပါလိမ့်မယ်။ Wi-Fi ဖွင့်ထားပါ။ Cellular Data ဖွင့်ထားပါ။ အကောင်းဆုံး တစ်ခုကို ရွေးချယ်သွားပြီး အင်တာနက် အသုံးပြုနိုင်ရပါစေလိမ့်မယ်။
ဒီတော့ Facebook နှေးနေတာတွေ၊ အီးမေးလ်အဝင် ကြာနေတာတွေ မဖြစ်တော့ ပါဘူး။ အကယ်၍ မိုဘိုင်းဖုန်း ကဒ် အင်တာနက်အခကြေး ကုန်မှာ ကြောက်တယ် ဆိုရင်တော့ Cellular-Data ကို ပိတ်ထားပြီး Wi-Fi မှာ စိတ်ရှည်ရှည် စောင့်နိုင်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box