ဖုန်းကို ညစဉ် အားသွင်းရခြင်းနှင့် အရွယ်ကြီးမားသော power pack များ သယ်ဆောင်ရခြင်းသည် မကြာမီ အဆုံးသတ်သွားဖွယ်ရှိသည်။
ဗြိတိန်ကုမ္ပဏီတစ်ခုသည် ဟိုက်ဒရိုဂျင် အသုံးပြုထားသော အလွန်သေးငယ်သည့် fuel cell ရှေ့ပြေးပုံစံကို iPhone 6 အတွက် ဖန်တီးခဲ့သည်။ ၎င်းသည် စွမ်းအင်အလွန်သုံးစွဲသော ဟန်းဆက်ကို အားပြန်သွင်းရန် မလိုဘဲ တစ်ပတ်အကြာ အသုံးပြုနိုင်စေမည်ဟု ဆိုသည်။
Intelligent Energy ကုမ္ပဏီသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် iPhone များအတွက် Apple နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ကြသော်လည်း အဆိုပါ ပြောကြားချက်အပေါ် ကုမ္ပဏီနှစ်ခုစလုံးမှ ထင်မြင်ချက်ပေးခဲ့ခြင်း မရှိပေ။
၎င်းကုမ္ပဏီ၏ ပါးလွှာသည့် ရှေ့ပြေးပုံစံစနစ်တွင် ဘက်ထရီတစ်ခုနှင့်အတူ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ကာ စွမ်းအင်ဖန်တီးပေးနိုင်သော ထူးခြားသည့် နည်းပညာ ပါဝင်သည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို ပြန်လည် ဖြည့်တင်းရာ၌ နားကြပ်ပေါက်ကို အသုံးပြုရကြောင်း Telegraph မှ ဖော်ပြခဲ့သည်။
အဆိုပါ fuel cell သည် အလွန်ပါးလွှာသည့်အတွက် iPhone 6 ၌ ထည့်သွင်းရာတွင် အရွယ်အစားပိုမိုကြီးမားခြင်း မရှိစေဘဲ အတွင်း၌ အံဝင်ခွင်ကျ ထည့်သွင်းကာ အသုံးပြုနိုင်ကြောင်း သိရသည်။
“ဒီနည်းပညာကို အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့က လက်ရှိ ဖုန်းအောက်ခံထည်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘဲ အံဝင်ခွင်ကျ ထည့်သွင်းနိုင်တဲ့ အလွန်ပါးလွှာတဲ့ fuel cell ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါ” ဟု Intelligent Energy မှ အမှုဆောင်ချုပ် ဟင်နရီဝင်နန်က Telegraph ထံ ပြောကြားခဲ့သည်။
Ref: DailyMail
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။