ဓာတ်ပုံရိုက်ကူးရာတွင်
မှုန်ဝါးသည့် ဓာတ်ပုံများကိုသာ ရရှိစေနိုင်သော iPhone 6 Plus အချို့၏
ကင်မရာကို Apple က အခမဲ့ အစားထိုးလဲလှယ်ပေးမည်ဟု သိရသည်။
အဆိုပါ iSight ကင်မရာ ချွတ်ယွင်းချက်သည် iPhone 6 Plus ရာခိုင်နှုန်း
အနည်းငယ်တွင်သာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်။
ကင်မရာ ချွတ်ယွင်းချက်ရှိသော iPhone 6 Plus အများစုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအတွင်း ရောင်းချခဲ့သော ထုတ်ကုန်များဖြစ်ကြောင်း Apple မှ ဆိုခဲ့သည်။
သုံးစွဲသူများ အနေဖြင့် မိမိတို့၏ iPhone 6 Plus တွင် ကင်မရာချွတ်ယွင်းချက် ရှိမရှိကို ဖုန်း၏ serial number ထည့်သွင်းကာ သိရှိနိုင်စေရန်အတွက် Apple က ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ပေးခဲ့သည်။
iPhone 6 Plus ကင်မရာ ချွတ်ယွင်းချက်ရှိသူများ အနေဖြင့် အဆိုပါ ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့်တကွ ဖော်ပြထားသော Apple store သို့မဟုတ် authorized service provider ထံသို့ သွားရောက်ကာ အခမဲ့ ပြင်ဆင်နိုင်မည် ဖြစ်သည်။
iPhone 6 Plus ကို စက်တင်ဘာလကုန်တွင် iPhone 6 နှင့်အတူ ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြိုင်ဘက် Samsung ၏ အောင်မြင်မှုရရှိခဲ့သော screen အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၌ 6 Plus က အရောင်းရဆုံး phablet အဖြစ် ရပ်တည်ခဲ့သည်။
Ref: CNET
Credit internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။