iPad Pro ထုတ်လုပ်မှုကို အောက်တိုဘာလတွင် စတင်ဖွယ်ရှိ ~ MICT Garden

iPad Pro ထုတ်လုပ်မှုကို အောက်တိုဘာလတွင် စတင်ဖွယ်ရှိ





ကောလာဟလ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော iPad Pro နှင့် ပတ်သက်၍ နောက်ဆုံး ထွက်ရှိလာသော သတင်းအရ Apple ၏ screen အရွယ်ကြီးမားသော iPad ကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ရန် ပြင်ဆင်ထားကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ အစီရင်ခံစာကို ကိုးကားကာ MacRumors မှ ဖော်ပြခဲ့သည်။

iPad Pro ထုတ်လုပ်မှုကို စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ထုတ်လုပ်ခဲ့ပါက ၎င်းကို အစောဆုံး အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် စတိုးများ၌ မြင်တွေ့ရဖွယ်ရှိသည်။ Screen အရွယ်အစားနှင့် ပတ်သက်၍ အခြား သတင်းဌာနများက ၁၂.၂ လက်မဟု ဖော်ပြခဲ့သော်လည်း ကူကမူ iPad Pro screen အရွယ်အစားမှာ ၁၂.၉ လက်မ ဖြစ်ကြောင်း ဆိုခဲ့သည်။
ထို့အပြင် အရွယ်ကြီးမားသော iPad တွင် Bluetooth stylus နှင့်အတူ သုံးနိုင်မည့် Force Touch ပါဝင်လာဖွယ်ရှိကြောင်းလည်း ကူက ပြောကြားခဲ့သည်။

Apple Watch တွင် ပထမဦးဆုံး မိတ်ဆက်ပေးခဲ့သော Force Touch သည် သုံးစွဲသူက screen ကို ဖိနှိပ်သည့် အားကို အာရုံခံ သိရှိနိုင်သော haptic နည်းပညာတစ်ခု ဖြစ်သည်။

Ref: Mashable
 Credit  internetjournal

Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box