ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက် ~ MICT Garden

ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက်




Intel ၏အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျသည် Intel Developer Forum ကျင်းပရာ စင်မြင့်ပေါ်တွင် မိန့်ခွန်း ပြောကြားပြီးနောက် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

အဆိုပါ ပင့်ကူသဏ္ဍာန် စက်ရုပ်သည် မည်သည့်အတွက် ထုတ်လုပ်ထားခြင်း မသိရကြောင်း Venturebeat ကဖော်ပြခဲ့သည်။ ၎င်းစက်ရုပ်နှင့်ပတ်သက်၍ “ဒီပင့်ကူ (စက်ရုပ်) တွေကြောင့် ကမ္ဘာကြီးပျက်စီး သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ကာဇန်နစ်ခ်ျက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ကာဇန်နစ်ခ်ျသည် အဆိုပါ စက်ရုပ်များကို စင်ပေါ်တွင် ထိန်းချုပ်၍ ကခုန်စေခဲ့ကြောင်း သိရသည်။

Intel အနေဖြင့် ယခင်ကလည်း စက်ရုပ်များကို မိတ်ဆက်ခဲ့ဖူးပြီး ယခုအခါတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်အနေဖြင့် စက်ရုပ်များစွာကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကာဇန်နစ်ခ်ျသည် လက်အမူအရာများ အသုံးပြု၍ စက်ရုပ်များကို သတိပေးပြီး လက်ဖြင့်ပင် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းပင့်ကူ စက်ရုပ်များသည် ဘရှုနိုမာ့စ်သီချင်းဖြင့် ဖျော်ဖြေနေသော လူများနှင့်အတူ ကခုန်ခဲ့ကြောင်း သိရသည်။

Credit internetjournal
Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box