Huawei ဖုန်းများကို Offical Firmware တင်နည်း ~ MICT Garden

Huawei ဖုန်းများကို Offical Firmware တင်နည်း

မင်္ဂလာပါ
ဒီတစ်ခါ Android User တွေအတွက် ကျနော်လက်ဆောင်အဖြစ် တင်ပေးသွားချင်တာကတော့ Huawei ဖုန်းများကို Official Firmware တင်နည်းပဲ ဖြစ်ပါတယ်။ တကယ်တော့ Huawei ဖုန်းများကို Firmware တင်ရတာ အရမ်းလွယ်ကူပါတယ်၊ ဒါပေမယ့် လေ့လာခါစ ညီအစ်ကိုတွေအတွက်တော့ စိတ်ကသိကအောက်ဖြစ်နိုင်ပါတယ်။

Huawei ဖုန်းများကို Firmware တင်တော့မယ်ဆိုရင် အောက်ပါလိုအပ်ချက်များကို သိထားရမှာ ဖြစ်ပါတယ်။
လိုအပ်ချက်များ
===========
၁။ Huawei Official Firmware
၂။ dload
၃။ Update.app
၎။ SD CARD – 4GB
အထက်ပါ လိုအပ်ချက်များနဲ့ ပြည်စုံပြီးရင်တော့ Firmware တင်ဖို့ အသင့်ဖြစ်နေပါပြီ။
အရင်ဦးဆုံး မိမိလုပ်ဆောင်ရမယ့် အပိုင်းက Huawei ဖုန်းများအတွက် Firmware တွေကို လိုက်ရှာစုဆောင်းရမှာဖြစ်ပါတယ်၊ ဖုန်း Model အလိုက် မိမိမှာ အသင့်ရှိနေလေ ပိုကောင်းလေပါပဲ၊
ဆိုင်တွေမှ ၀ယ်ယူအသုံးပြုနိုင်သလို အချင်းချင်းလည်း အလွယ်တကူ Share လုပ်ယူတာမျိုး သို့တည်းမဟုတ် Internet Connection သာ အဆင်ပြေမယ်ဆိုရင်တော့ 
Online ပေါ်ကနေ Official Web မှာ Free

Account တစ်ခု အလွယ်တကူ Register တင်ပြီး မိမိလိုအပ်သလောက် ဒေါင်းလော့ရယူသိမ်းဆည်းရမှာ  ဖြစ်ပါတယ်။
တကယ်လို့ Online ပေါ်မှ Firmware တွေကို ဒေါင်းလော့ရယူမယ်ဆိုရင်တော့ ရရှိလာမယ့် 
Firmware ဖိုင် Data တွေဟာ များသောအားဖြင့် Zip တွေ ဖြစ်နေပါလိမ့်မယ်။
ဒေါင်းလော့ဆွဲပြီဆိုရင်လည်း Unofficial Firmware တွေကို မရယူပါနဲ့၊
 ဖြစ်နိုင်ရင်တော့ Offical Firmware ကိုသာ Download ရယူသိမ်းဆည်းပါ။
အခုလပ်တလောမှာ Online တစ်ခွင် Huawei ဖုန်းတွေအတွက် Official Firmware တွေရယူနိုင်မယ့် Web တွေ အများအပြားရှိနိုင်ပါတယ်၊ အဲဒီအထဲကမှ ကျနော် လိုအပ်တဲ့အချိန်တိုင်း သွားသွားယူနေကြ အောက်ပါ လင့်များမှာလည်း ဒေါင်းလော့အလွယ်တကူ ရယူနိုင်ပါတယ်။





အထက်ပါ Web တွေ Free Account တစ်ခု အလွယ်တကူ Register တင်ပြီး
 Huawei ဖုန်းများအတွက် Official Firmware တွေဒေါင်းလော့ရယူနိုင်ပါတယ်။




အပေါ်က Web လေးကတော့ Huawei ချစ်ပရိတ်သတ်တွေအတွက် 
လုံးဝအကြိုက်ဖြစ်စေမယ့် Official Web တစ်ခုဖြစ်ပါတယ်။
တကယ်ကို ရှာရခက်ခဲတဲ့ Official Firmware ကိုတစ်နေရတည်းမှာ 
အလွယ်တကူ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။
Huawei Brand Phone အားလုံးအတွက် အစုံရှိပါတယ်
 ကျနော်ရှာကြည့်သလောက်အကုန်တွေ့ပါတယ်
 ဒေါင်းလော့လင့် လည်း အရမ်းအဆင်ပြေပါတယ်။


Firmware စတင်နည်း
=============
ဒေါင်းလော့ရလာတဲ့ Firmware ဖိုင်သည် အောက်ပါအတိုင်း Zip ဖိုင်ဖြင့်မြင်နေရပါလိမ့်မယ်။



Zip ဖိုင်ကို ဖြေရပါမှာ ဖြစ်တဲ့အတွက် အောက်ပါပုံလေးအတွက် Zip ပေါ်တွင် Right Click တစ်ချက်ထောက်လိုက်ပါ။ ပြီးရင် ပေါ်လာတဲ့ စာတန်းတွေထဲမှ Extract File ဆိုတာကို တစ်ချက်နှိပ်ပြီး ဖြေချလိုက်ပါ။


ပြီးနောက် သက်ဆိုင်ရာ Firmware Folder ကိုဖွင့်လိုက်ပါ။


dload ဆိုတာကိုတွေ့ပါလိမ့်မယ်။ 
 

dload folder လေးကိုဝင်ကြည့်လိုက်ပါ။ အထဲမှာ update.app ပါမပါပေါ့။ 
မပါပါက Firmware တင်လို့ရမှာမဟုတ်ပါဘူး



Update.app လေးပါရှိနေပြီဆိုရင် Firmware တင်လို့ရပါပြီ



ဒါဆိုရင်တော့ dload ဖိုင်လေးကို SD Card ထဲကိုထည့်လိုက်ပါ။ SD Card သည် 2GB/ 4GB/ 8GB အကုန်အဆင်ပြေပါတယ်။ ပညာရှင်အများစုကတော့ 4GB နဲ့သာအသုံးပြုကြတာများပါတယ်။ SD Card ဆိုရာ၌ ကဒ်အဟောင်းဖြစ်က Format ချပေးလိုက်ပါ။
ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Battery ဖြုတ်လို့ရပါက ဖြုတ်လိုက်ပါ။
ပြီးရင် Battery ပြန်တက်ပြီး Volume up + Down + Power ကိုဖိနှိပ်ထားလိုက်ပါ။



All Key လို့လည်း ခေါ်ဝေါ်ကြပါတယ်၊ ရှင်းရှင်းပြောရရင် Huawei ဖုန်းမှာ ပါလာတဲ့ လက်နဲ့ နှိပ်ဖိလို့တဲ့ ဘယ်ခလုပ်ကိုမဆို တစ်ပြိုင်တည်း တွဲနှိပ်ထားလိုက်ပါ။



(G730-U00/G730-C00 စတဲ့အချို့သောဖုန်းတွေမှာတော့ Power + Volume up ကီးကိုတွဲနှိပ်လိုက်တာနဲ့ အဆင်ပြေပါတယ်၊ တကယ်လို့ Volume up နဲ့ အဆင်မပြေရင်တော့ Power + Down ကီးကိုပြောင်းနှိပ်ပေးပါ)
အထက်ပါအတိုင်း Firmware တင်ရန် လိုအပ်တဲ့ Key တွေကို တွဲနှိပ်ပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း Firmware update ဆိုပြီး သူ့အလိုလို Step 1/2 Step 2/2 တွေဖြင့် ရေးနေပါလိမ့်မယ်။


ပုံပါအတိုင်း Firmware ရေးပြီးသွားရင်တော့ Reboot တစ်ကြိမ်ကျပြီး Normal Mode ဖြင့်ပြန်တက်လာပါလိမ့်မယ်။
အပေါ်မှာပြထားတဲ့ပုံကတော့ ဟိုးအရင်ဖုန်းတွေမှာတင်တဲ့ပုံစံမျိုးပါ။ Huawei ဖုန်းပေါ်မူတည်ပြီးပြောင်းလဲမူ့တွေရှိနိုင်ပါတယ်။

PDF စာအုပ်လေးအဖြစ် သိမ်းဆည်းထားချင်တဲ့သူတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်။

Download Here


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box