ဒေါက်ဖိနပ်မှာ ဟက်ကာပစ္စည်းများ သိမ်းနိုင်အောင် ဖန်တီးပေးတဲ့ ဟက်ကာမလေး

hacker1 
ပုံမှာ မြင်တွေ့နေရတဲ့ လှပဂေးမလေးဟ တရုတ်ပြည်က အထင်ကရ ဟာ့ဒ်ဝဲ ဟက်ကာမလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Nick name ကတော့ SexyCyborg ဖြစ်ပါတယ်။ နာမည်ထဲက အတိုင်းပဲ တကယ်လည်း Sexy ကျသူ ဖြစ်ကြောင်း ပုံကို မြင်ရုံနဲ့ သိမှာပါ။




Hardware hacker ဆိုတာကတော့ စက်ပစ္စည်းများရဲ့ လုပ်ဆောင်ချက်ကို ဟက်ခြင်း ဖြစ်ပြီး ဆော့ဖ်ဝဲကို ဟက်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဟက်ခြင်းဖြင့် လုံခြုံရေး စနစ်များ၊ ဆော့ဖ်ဝဲတွေ လည်ပတ်နေတဲ့ စနစ်များကို shut down ချနိုင်ပါတယ်။ တကယ်တော်တယ်ဆိုရင် ပြောတာပါ။ အဲ့ဒီလိုဟက်ဖို့အတွက် hardware ဟက်ကာတွေမှာ hacking Firmware အချို့ ထည့်ထားတဲ့ Stick ကို အမြဲ ဆောင်ထားရပါတယ်။

တကယ် ပြည့်စုံချင်ရင် Router, နဲ့ အခြားသော ကွန်ပြူတာချိတ်၊ network ချိတ် ပစ္စည်းများကိုပါ ဆောင်သွားရပါတယ်။ အဲ့ဒီလို ဆောင်တဲ့အခါ ကိုယ် ဟက်ချင်တဲ့ နေရာကို ဝင်တော့ အခက်တွေ့ပါတယ်။ စစ်ဆေးတွေ့ရှိခြင်း ပါ။ ဒီတော့ ယင်းကဲ့သို့ မတွေ့နိုင်အောင် ရည်ရွယ်ပြီးတော့ SexyCyborg အမည်ရ ဟက်ကာမလေးက ဒေါက်ဖိနပ်တစ်မျိုးကို ဒီဇိုင်းဆွဲ တီထွင်ပါတယ်။ ယင်းထဲမှာ Hacking လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်း အားလုံးကို အစီစဉ် တကျ ထည့်နိုင်ပါတယ်။

တစ်ဖက်မှာ Router ပါပြီး အခြားတစ်ဖက်မှာလည်း ပစ္စည်း အစုံပါပါမယ်။ သူမဟာ ယင်း ဖိနပ်ရဲ့ 3D Design ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ 3D Printer အသုံးပြုပြီး လူတိုင်း ဖိနပ်လုပ်နိုင်အောင် ဖြစ်ပါတယ်။ 3D Printing ဖိနပ် ဖြစ်ပါတယ်။ သူမအနေနဲ့ hacking လုပ်ချင်တဲ့အခါ အပေါ်မှာ ရင်သားပေါ်ပေါ် ပေါင်သားပေါ်ပေါ် ဝတ်ဆင်ပါတယ်။ အဓိကကတော့ သူမရဲ့ အပေါ်ပိုင်း အလှများနဲ့ အာရုံလွဲဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်ကျတော့ သူမရဲ့ ဒေါက်ဖိနပ်မှာ ဘာတွေ ပါတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ ပါဘူး။

သူမရဲ့ 3D Printing ဖိနပ် ဒီဇိုင်းကို Download ဆွဲသူ များပြီး သူမရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟက်ကာလောကသားမျာက ချီးကျူးထောပနာ ပြုခဲ့ကြ ပါတယ်။
.
Ref: dailymail
Credit MMAS
Thiha Htike(THT)

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။