ယာဉ်မောင်းတွေအတွက် ဒီဂျစ်တယ် ယာဉ်မောင်း လိုင်စင်

IOWA
IOWA ဆိုတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ယာဉ်မောင်းလိုင်စင်တွေကို စမတ်ဖုန်းမှာထည့်သွင်းအသုံးပြုနိုင်အောင် ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း မနှစ်က မိတ်ဆက်ပြောကြားခဲ့ပါတယ်။ Iowa ရဲ့ အစီအစဉ်ဟာ ဒီနှစ်မှာတော့ အကောင်ထည်ပေါ်လာခဲ့ပါပြီ။ အခုချိန်ထိ စမတ်ကဒ် ယာဉ်မောင်းလိုင်စင်ကို  သွားလေရာ နေရာတိုင်းယူဆောင်နေရတဲ့ အခက်အခဲကို မိုဘိုင်းဖုန်း Application လေးတစ်ခုတည်းနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Mobile Driver License (mDL) လို့ခေါ်တဲ့ Application ကို IOWA သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဌာနခွဲရှိရာ နေရာများသို့ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

IOWA 1
ဒီ Application မှာတော့ လက်ရှိယာဉ်မောင်းလိုင်စင်မှာ ပါဝင်တဲ့ အချက်အလက်တွေအတိုင်းပဲ  ယာဉ်မောင်းသူရဲ့ ဓါတ်ပုံ ၊ မွေးနေ့ နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရက်များကိုလည်း ထည့်သွင်းပေးထားပါတယ်။ လိုင်စင်ရဲ့ အရှေ့ဘက်တင်မကပဲ အနောက်ဘက်ကိုပါကြည့်ချင်ရင်တယ်ဆိုရင်တော့ ဖုန်းမျက်နှာပြင်ကို ပွတ်လိုက်ရုံနဲ့ လိုင်စင်ရဲ့ အနောက်ဘက်အခြမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မိမိ ယာဉ်မောင်းလိုင်စင်ကို ယာဉ်ထိန်းရဲမှ စစ်ဆေးတဲ့အခါ ဖုန်းထဲမှာအသင့်ထည့်သွင်းပြီးသားဖြစ်တဲ့ mDL Mobile Application ကို ပြရုံနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအနေနဲ့လည်း ဒရိုင်ဘာရဲ့ ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးတဲ့အခါ အနီးကတ်ကြည့်ရှုနေစရာမလိုပဲ ယာဉ်ထိန်းရဲတွေအတွက် စီစဉ်ပေးထားတဲ့ Application ကို မိုဘိုင်းဖုန်းထဲ ထည့်သွင်းထားရုံနဲ့ ဖုန်းအချင်းချင်း Scan ဖတ်ကာ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းဟာ QR code ကို ဖုန်းနဲ့ Scan ဖတ်နေတဲ့လူတွေအတွက် အထူးပြောနေစရာမလိုပါဘူး။  ဒါပေမဲ့ လတ်တလောမှာတော့ မိုဘိုင်းလိုင်စင် application ကို iPhone မှာသာအသုံးပြုလို့ရအုံးမှာဖြစ်ပါတယ်။

Ref : Mashable
Aung Ko Htet (MMAS)
Thiha Htike(THT)

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။