မန်မာနိုင်ငံတွင် အမှန်တကယ်အသုံးပြုသော ဖုန်းကတ်ပိုင်ဆိုင်မှု
အချိုးအစားသည် အမျိုးသားများ၌ ၄၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၌ ၃၂
ရာခိုင်နှုန်းရှိကြောင်း LIRNE asia နှင့် MIDO တို့
ပူးပေါင်းပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ သိရသည်။
စစ်တမ်းအရ အမျိုးသားနှင့် အမျိုးသမီး မိုဘိုင်းဖုန်းပိုင်ဆိုင်မှုသည်
များစွာ ကွာဟခြင်းမရှိခဲ့သော်လည်း ၃၃ ရာခိုင်နှုန်းသော အမျိုးသားတို့သည်
စစ်တမ်းကောက်ယူသည့်နေ့ နာရီအနည်းငယ်က ဖုန်းခေါ်ဆိုခဲ့ကြောင်း ဖြေဆိုထားပြီး
၂၅ ရာခိုင်နှုန်းသော အမျိုးသမီးများသည်လည်း အလားတူခေါ်ဆိုမှုပြုခဲ့သည်ဟု
သိရသည်။မိုဘိုင်ဖုန်းပိုင်ဆိုင်မှုနှင့် မိုဘိုင်းဖုန်းခေါ်ဆိုမှုတို့ အဓိကအားဖြင့် အမျိုးသား၊ အမျိုးသမီးအနေဖြင့် ကွာခြင်းမဟုတ်ဘဲ ဆင်းရဲ၊ ချမ်းသာမှုနှင့် အဓိကသက်ဆိုင်သည်ဟု စစ်တမ်းကဖော်ပြထားပြီး မိုဘိုင်းဖုန်း လုံးဝသုံးစွဲခြင်းမရှိသူသည် အမျိုးသမီး ၃၃ ရာခိုင်နှုန်းရှိပြီး အမျိုးသားအနေဖြင့် ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယေဘုယျအားဖြင့် အမျိုသားတို့၏ ဖုန်းခေါ်ဆိုမှု ၂၇ ရာခိုင်နှုန်းသည် အသက်မွေးဝမ်းကျောင်းအတွက် ခေါ်ဆိုကြခြင်းဖြစ်ပြီး အမျိုးသမီးတို့၏ ဖုန်းခေါ်ဆိုမှု ၁၆ ရာခိုင်နှုန်း အသက်မွေးဝမ်းကျောင်းအတွက် ခေါ်ဆိုခြင်းဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုသည် အများအားဖြင့် လူမှုရေးအကြောင်းအရာများအတွက်သာ ဖြစ်ကြောင်း စစ်တမ်းက ဖော်ပြသည်။
အဆိုပါစစ်တမ်းကို ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းကာလများအတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကောက်ယူလိုသည့် လူဦးရေ၏ ၉၁.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနိုင်ခဲ့သည် ဟု စစ်တမ်း ကောက်ယူခဲ့သည့် အဖွဲ့များက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် အမျိုးသား မိုဘိုင်းဖုန်းပိုင်ဆိုင်မှုသည် အိန္ဒိယအပါအဝင် အခြားသော အိမ်နီးချင်းနိုင်ငံများ၌ တယ်လီကွန်းဈေးကွက် စတင်ကာစက တွေ့ကြုံခဲ့ ရသည့် ကွာခြားမှုများနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုများစွာ နည်းပါးနေကြောင်း သိရသည်။
အလားတူ စစ်တမ်းအရ အမျိုးသား ၅၉ ရာခိုင်နှုန်းတို့သည် တစ်လအတွင်း မိုဘိုင်းဖုန်း အသုံးပြုခဲ့ကြသည်ဟု သိရပြီး အမျိုးသမီး ၅၂ ရာခိုင်နှုန်းတို့သည် တစ်လအတွင်း မိုဘိုင်းဖုန်း အသုံးပြုခဲ့သည်ဟု သိရသည်။
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။