နေရောင်ခြည်စွမ်းအင်သုံး ကမ္ဘာ့ပထမဦးဆုံး လေဆိပ် ~ MICT Garden

နေရောင်ခြည်စွမ်းအင်သုံး ကမ္ဘာ့ပထမဦးဆုံး လေဆိပ်





အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကိုချီမြို့ရှိ ကိုချင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နေရောင်ခြည်စွမ်းအင် အပြည့်အဝ အသုံးပြုသော ကမ္ဘာ့ပထမဦးဆုံး လေဆိပ် ဖြစ်လာခဲ့သည်။ ၎င်းတွင် အကျယ် ၄၅ ဧက၌ ဆိုလာပြား ၄၆,၁၅၀ တပ်ဆင်ထားသော ၁၂ မဂ္ဂါဝပ် ဆိုလာစွမ်းအင်စက်ရုံတစ်ခုကို တည်ဆောက်ထားသည်။ အဆိုပါ ဆိုလာစွမ်းအင်စက်ရုံသည် နေ့စဉ် လျှပ်စစ်ဓာတ်အား ၆၀,၀၀၀ ယူနစ်အထိ ထုတ်လုပ်ပေးနိုင်သည်။

၎င်းလေဆိပ်ကို Cochin International Airport Limited (CIAL) ဟုခေါ်သော ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ကီရာလာ ပြည်နယ်အစိုးရက ရှယ်ယာ ၃၃.၃၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ အိန္ဒိယနိုင်ငံသား မဟုတ်သူများနှင့် သီးခြား ရင်းနှီးမြှုပ်နှံသူများက ၃၈.၀၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို အခြားကုမ္ပဏီများက ပိုင်ဆိုင်သည်။



အဆိုပါ စီမံကိန်းကို လွန်ခဲ့သည့် နှစ်နှစ်က ၁၀၀ ကီလိုဝပ် ဆိုလာစက်ရုံဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
“နောက် ၂၅ နှစ်အကြာမှာ ဒီ သဘာဝစွမ်းအင် စီမံကိန်းက ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၃ သိန်းကျော်ကို တားဆီးစေနိုင်ပါလိမ့်မယ်။ ဒီပမာဏဟာ သစ်ပင်သုံးသန်း စိုက်ပျိုးတဲ့နှုန်းနဲ့ ညီမျှပါတယ်” ဟု လေဆိပ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref: TechInAsia
Credit internetjournal

Thiha Htike(THT)
My Facebook Account Click

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box