အဝေးထိန်းလေယာဉ်များနှင့် စူပါကွန်ပျူတာများ တင်ပို့ခြင်းကို တရုတ်ကန့်သတ် ~ MICT Garden

အဝေးထိန်းလေယာဉ်များနှင့် စူပါကွန်ပျူတာများ တင်ပို့ခြင်းကို တရုတ်ကန့်သတ်


စစ်သွေးကြွအဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိပြီး နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုအား ကာကွယ်နိုင်ရန်အတွက် အဝေးထိန်းလေယာဉ်များ (drones) နှင့် စူပါကွန်ပျူတာများ တင်ပို့ရောင်းချခြင်းကို သြဂုတ်လ ၁၅ ရက်မှ စတင်ကာ စိစစ်ကန့်သတ်မည်ဟု ဆင်ဟွာသတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာများသည် မောင်းသူမဲ့လေယာဉ် (UAV) များကို အကြီးအကျယ် ထုတ်လုပ်သော အမေရိကန်နှင့် အစ္စရေးတို့၏နောက်တွင် ကျန်ရစ်နေသော်လည်း နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် အီဂျစ် အပါအဝင် နိုင်ငံခြားအဝယ်တော်များကို တရုတ်နိုင်ငံက ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်က လူလိုက်ပါနိုင်သော စစ်ဘက်သုံးလေယာဉ်များ တင်ပို့ရောင်းချခြင်းကို အောင်မြင်စွာ ကန့်သတ်နိုင်ခဲ့သောကြောင့် ဈေးသက်သာပြီး အလွယ်တကူ ထုတ်လုပ်နိုင်သော မောင်းသူမဲ့ လေယာဉ်များ တင်ပို့ခွင့် ကန့်သတ်မှုကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားသည်။

အဆိုပါ တားမြစ်ချက်သစ်များသည် မြေပြင်အထက် မြင့်မားသောအရပ်တွင် အချိန်အတန်ကြာ ပျံသန်းနိုင်သော drone များကို အဓိကပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဆင်ဟွာမှ ပြောကြားခဲ့သည်။
“တင်ပို့ခွင့် တားမြစ်ရာမှာ အဓိက ရည်ရွယ်တာကတော့ နည်းပညာမြင့်မားတဲ drone တွေကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စရပ်တွေမှာ အသုံးပြုမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး တရုတ် drone များ၏ နည်းပညာစွမ်းရည်သည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးအနက် တစ်ခုဖြစ်လာသောကြောင့် နိုင်ငံအနေဖြင့် ဉာဏမူပိုင်ခွင့်ကို ကာကွယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ၎င်းသည် ကန့်သတ်တားမြစ်ခြင်း၏ အကြောင်းအရာတစ်ခုအနေဖြင့် ပါဝင်ကြောင်း ဆင်ဟွာမှ ဆိုခဲ့သည်။

Ref: Reuters
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box