Silent
Circle ကုမ္ပဏီသည် သုံးစွဲသူ၏ တစ်ကိုယ်ရေ လုံခြုံရေး ဦးစားပေး မျိုးဆက်သစ်
Blackphone 2 ကို စက်တင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ခဲ့သည်။ ယခုအခါ Silent Circle ဝက်ဘ်ဆိုက်တွင် Blackphone 2
ကိုကြိုတင် မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယခင် Blackphone သည် စနိုးဒင်၏ အစီရင်ခံစာများပေါ်ထွက်ချိန်အတွင်း ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်ရေဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း မရှိစေရန် ဖန်တီးထားသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ Black phone 2 သည် ယခင်ထုတ်ကုန်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ 1080p ရုပ်ထွက်အရည်အသွေး ပါဝင်လာကာ RAM 3GB နှင့် 1.7 GHz Octa-core ပရိုဆက်ဆာတို့ ပါဝင်လာသည်။ Blackphone 2 တွင် ကျောဘက်ကင်မရာ 13 megapixel, storage 32GB ပါဝင်ပြီး app များ လုံခြုံမှုရှိစေရန် ကာကွယ်ထားသည့် Android အခြေခံ Silent OS ကိုအသုံးပြုထားသည်။
ထို့အပြင် Blackphone 2 သည် messaging နှင့်ဖုန်းခေါ်ဆိုမှုများကို encrypt ပြုလုပ်ထားပြီး ကာကွယ်မှု မပြုလုပ်ထားသည့် Wi-Fi point များကို အလိုအလျောက် ခြေရာခံပေးသည်။ Blackphone 2 ကိုလုံခြုံမှုရှိစေရန် ကာကွယ်ထားသည့်အပိုင်းနှင့် ဆက်သွယ်ထားခြင်း မရှိဘဲ Facebook နှင့် Snapchat ကဲ့သို့ app များအတွက် သီးသန့်နေရာများ ဖန်တီးပေးထားသည်။

စိုးထက်
Ref: NBC
Thiha Htike(THT)
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။