မကြာမီတွင် Xbox One ဂိမ်းစက်ကို mouse နှင့် keyboard ဖြင့် ချိတ်ဆက်၍ ဂိမ်းများကစား နိုင်တော့မည် ဖြစ်ကြောင်း Microsoft ၏အမှုဆောင် ဖီးလ်စပင်ဆာ Twitter တွင်ပြောကြားခဲ့သည်။
Xbox အကြီးအကဲ ဖီးလ်စပင်ဆာကို Twitter ပေါ်တွင် Windows ထုတ်ကုန်များကို Xbox သို့ stream ပြုလုပ်၍ ဂိမ်းများကစားနိုင်ဖွယ် ရှိမရှိ မေးမြန်းခဲ့ကြသည်။ အဆိုပါ မေးခွန်းကို ဖီးလ်စပင်ဆာက ၎င်းကဲ့သို့ ပြုလုပ်ရန် keyboard နှင့် mouse ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သလို ထိုသို့ဖြစ်ပေါ်လာရန် ကြာမြင့်ဖွယ် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။
Microsoft အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် Windows လုပ်ငန်းများစွာ၏ အစိတ်အပိုင်း များစွာကို ပေါင်းစပ်လိုသည့် ဆန္ဒရှိနေသည်။ Win-dows 10 ကို မိတ်ဆက်စဉ်အခါက “မိသားစု ထုတ်ကုန်တစ်ခု၊ platform တစ်ခု၊ စတိုးတစ်ခု”ဟု အမည်တပ်၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အပြောင်းအလဲသည် Windows ဂိမ်းဌာနကို အခြားလုပ်ငန်းများဖြင့် ချိတ်ဆက်ပေးနိုင်သည်။
အကယ်၍ Xbox One ဂိမ်းစက်တွင် keyboard နှင့် mouse ထောက်ပံ့မှုများ ပါဝင်လာပါက Windows 10 app များ ထောက်ပံ့ မှုလည်း ပါဝင်လာဖွယ်ရှိပြီး hard-ware ရောင်းချမှု ပိုမိုတိုးတက် လာဖွယ်ရှိသည်။
Ref: Engadget
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com



0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။